ဘဂၤါလီအေရးမွာ တာဝန္ရွိသူေတြ တာဝန္ခံဖို႔ ျမန္မာအစိုးရကို အာဆီယံ တိုက္တြန္း

0
176

ရခိုင္ျပည္နယ္မွာ ဘဂၤါလီ မြတ္စလင္ေတြကို ႏွိပ္ကြပ္မႈနဲ႔ပတ္သက္လို႔ တာဝန္ရွိသူေတြ အျပည့္အဝ တာဝန္ခံဖို႔ လိုအပ္ေၾကာင္း ျမန္မာအစိုးရကို အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြက တိုက္တြန္းတယ္လို႔ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

စက္တင္ဘာ ၂၉ ရက္ေန႔က အေမရိကန္ ႏိုင္ငံ၊ နယူးေယာက္ၿမိဳကမွာ က်င္းပတဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အလြတ္သေဘာ အစည္းအေဝးမွာ တိုက္တြန္းခဲ့တာ ျဖစ္တယ္လို႔ စင္ကာပူ ႏိုင္ငံျခားေရးဝန္ႀကီး ဗီဗီယန္ ဘာလာခရစ္ရွနန္က ေျပာတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာက ေဖာ္ျပပါတယ္။

ျမန္မာအစိုးရက ခန္႔အပ္ထားတဲ့ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္မွာ ပါဝင္တဲ့ ဖိလစ္ပိုင္နဲ႔ ဂ်ပန္ ႏိုင္ငံသားတို႔ဟာ လြတ္လပ္စြာ စံုစမ္းစစ္ေဆးမႈမွာ ဂုဏ္သတင္းရွိသူေတြ ျဖစ္တဲ့အတြက္ သူတို႔ရဲ႕ အစီရင္ခံစာကို အာဆီယံက ေစာင့္ေမွ်ာ္ေနေၾကာင္းလည္း စင္ကာပူဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီအရေးမှာ တာဝန်ရှိသူတွေ တာဝန်ခံဖို့ မြန်မာအစိုးရကို အာဆီယံ တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်တွေကို နှိပ်ကွပ်မှုနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ အပြည့်အဝ တာဝန်ခံဖို့ လိုအပ်ကြောင်း မြန်မာအစိုးရကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံ၊ နယူးယောက်မြိုကမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးမှာ တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

မြန်မာအစိုးရက ခန့်အပ်ထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်တဲ့ ဖိလစ်ပိုင်နဲ့ ဂျပန် နိုင်ငံသားတို့ဟာ လွတ်လပ်စွာ စုံစမ်းစစ်ဆေးမှုမှာ ဂုဏ်သတင်းရှိသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အစီရင်ခံစာကို အာဆီယံက စောင့်မျှော်နေကြောင်းလည်း စင်ကာပူဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)