
0
200

မြန်မာ့အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တချို့က နောင်တရဖွယ် ဖြစ်ပေမယ့် ပေးအပ်ထားတဲ့ နိုဘယ်ဆုကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ နိုဘယ်ဖောင်ဒေးရှင်းက ပြောပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုကို ရုပ်သိမ်းမှာ မဟုတ်

မြန်မာ့အရပ်ဖက်ေခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တချို့က နောင်တရဖွယ် ဖြစ်ပေမယ့် ပေးအပ်ထားတဲ့ နိုဘယ်ဆုကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ နိုဘယ်ဖောင်ဒေးရှင်းက ပြောပါတယ်။

ဆုပေးအပ် ချီးမြှင့်ပြီးနောက် ဖြစ်လာတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဆုကို ရုပ်သိမ်းသွားဖို့ မရှိဘူးလို့ ဖောင်ဒေးရှင်းအကြီးအကဲ မစ္စတာ လားစ်ဟေကင်စတန်က Reuters သတင်းဌာနကို ပြောပါတယ်။ နိုဘယ်ဖောင်ဒေးရှင်းက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ်မှာ နိုဘယ်ဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေ မေးခွန်းထုတ်စရာ ဖြစ်နေတာကို ကျွန်တော်တို့ သိကြပါတယ်၊ ကျွန်တော်တို့က လူ့အခွင့်အရေးဘက်က ရပ်တည်ပြီး ဒါကလည်း ကျွန်တော်တို့ရဲ့ အဓိက တန်ဖိုးထားမှုတွေထဲက တစ်ခုဖြစ်ပါတယ်လို့ မစ္စတာ လားစ် ဟေကင်စတန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)