တိုင္းျပည္နဲ႔ လူမ်ိဳးအက်ိဳး ေဆာင္ရြက္မယ့္ လူငယ္ေတြ ေပၚထြက္ေရး ႀကိဳးပမ္းမယ္

0
359

ေဒၚေအာင္ဆန္းစုၾကည္ကို သစၥာခံမယ့္ လူငယ္မ်ိဳးဆက္သစ္ ေနာက္လိုက္ေကာင္း လူငယ္ေတြ ေပၚထြက္ေစဖို႔ ရည္ရြယ္တယ္လို႔ ရန္ကုန္တိုင္း ဒုတိယအႀကိမ္ လူငယ္ညီလာခံ က်င္းပေရးေကာ္မရွင္ အတြင္းေရးမွဴး ဦးရန္ေအာင္က ေျပာပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၃ ရက္ေန႔ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္ ျမန္မာကြန္ဗင္းရွင္းစင္တာ (MCC) မွာ က်င္းပတဲ့ “ဒုတိယအႀကိမ္ ရန္ကုန္တိုင္းလူငယ္ ညီလာခံ က်င္းပေရးအတြက္ ဗဟိုေကာ္မရွင္၊ ဗဟိုလုပ္ငန္း ေကာ္မတီ၊ ရန္ကုန္တိုင္းေကာ္မရွင္၊ ခ႐ိုင္ေကာ္မရွင္မ်ားႏွင့္   ၿမိဳ႕နယ္ေကာ္မရွင္မ်ား ေတြ႔ဆံုတာဝန္ေပးအပ္ျခင္းႏွင့္ ေရွ႕လုပ္ငန္းစဥ္မွာ ရွင္းလင္းပြဲ” မွာ ဦးရန္ေအာင္က ေျပာဆိုတာ ျဖစ္ပါတယ္။

အဓိက ရည္ရြယ္ခ်က္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို အျပည့္အဝ သစၥာခံမယ့္ တိုင္းျပည္နဲ႔ လူမ်ိဳးအက်ိဳးကို စြမ္းစြမ္းတမံ ေဆာင္ရြက္မယ့္ လူငယ္မ်ိဳးဆက္သစ္ ေခါင္းေဆာင္ေတြ၊ လူငယ္မ်ိဳးဆက္သစ္ ေနာက္လိုက္ေကာင္းေတြ ေပၚထြက္လာေစေရးအတြက္                       ႀကိဳးပမ္းေဆာင္ရြက္ၾကမယ္ဆိုၿပီးေတာ့ ဒီပြဲေလးကို က်င္းပရျခင္း ျဖစ္ပါတယ္လို႔ ဦးရန္ေအာင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်မယ့် လူငယ်တွေ ပေါ်ထွက်ရေး ကြိုးပမ်းမယ်

ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံမယ့် လူငယ်မျိုးဆက်သစ် နောက်လိုက်ကောင်း လူငယ်တွေ ပေါ်ထွက်စေဖို့ ရည်ရွယ်တယ်လို့ ရန်ကုန်တိုင်း ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးရန်အောင်က ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ ၃ ရက်နေ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) မှာ ကျင်းပတဲ့ “ဒုတိယအကြိမ် ရန်ကုန်တိုင်းလူငယ် ညီလာခံ ကျင်းပရေးအတွက် ဗဟိုကော်မရှင်၊ ဗဟိုလုပ်ငန်း ကော်မတီ၊ ရန်ကုန်တိုင်းကော်မရှင်၊ ခရိုင်ကော်မရှင်များနှင့် မြို့နယ်ကော်မရှင်များ တွေ့ဆုံတာဝန်ပေးအပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်မှာ ရှင်းလင်းပွဲ” မှာ ဦးရန်အောင်က ပြောဆိုတာ ဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ သစ္စာခံမယ့် တိုင်းပြည်နဲ့ လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်မယ့် လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တွေ၊ လူငယ်မျိုးဆက်သစ် နောက်လိုက်ကောင်းတွေ ပေါ်ထွက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ ဒီပွဲလေးကို ကျင်းပရခြင်း ဖြစ်ပါတယ်လို့ ဦးရန်အောင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)