႐ံုးထုတ္စဥ္ ထြက္ေျပးတဲ့ တရားခံကို ျပန္ဖမ္းမိ

0
323

ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ံုးဆီ တရားခံ ေဇာ္ေဇာ္ေအာင္ (၁၉ ႏွစ္) ကို ေအာက္တိုဘာ ၂ ရက္ေန႔က ႐ံုးထုတ္လာစဥ္ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။

ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔၊ မူခင္းအကူဌာနစု တပ္ဖြဲ႔၊ အေနာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႔၊ မူခင္းႏွိမ္နင္းေရး တပ္ဖြဲ႔ဝင္ေတြ ပူးေပါင္းၿပီး ေဇာ္ေဇာ္ေအာင္ သြားလာတတ္တဲ့ ေနရာေတြကို စံုစမ္းခဲ့ပါတယ္။

တရားခံ ေဇာ္ေဇာ္ေအာင္ဟာ သူအရင္ အလုပ္လုပ္ခဲ့တဲ့ မရမ္းကုန္းၿမိဳ႕နယ္၊ (၁) ရပ္ကြက္၊ ဘုရင့္ေနာင္ပြဲ႐ံုတန္းရွိ စားေသာက္ဆိုင္မွာ အလုပ္ျပန္လည္ လုပ္ကိုင္ေနတာ သိရွိရတဲ့အတြက္ ေအာက္တိုဘာ ၂ ရက္ေန႔ ည ၈ နာရီမွာ ျပန္ဖမ္းမိခဲ့ပါတယ္။

ေဇာ္ေဇာ္ေအာင္ ထြက္ေျပးမႈမွာ တာဝန္ကို ေပါ့ေလ်ာ့စြာ ေဆာင္ရြက္ခဲ့တဲ့ တာဝန္ရွိသူ အဆင့္ဆင့္လည္း ရဲစည္းကမ္း ထိန္းသိမ္းေရး ဥပေဒအရ အေရးယူခံရမွာ ျဖစ္ပါတယ္။
……………………… ။ ။ ………………………

ရုံးထုတ်စဉ် ထွက်ပြေးတဲ့ တရားခံကို ပြန်ဖမ်းမိ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် တရားရုံးဆီ တရားခံ ဇော်ဇော်အောင် (၁၉ နှစ်) ကို အောက်တိုဘာ ၂ ရက်နေ့က ရုံးထုတ်လာစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ မူခင်းအကူဌာနစု တပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့၊ မူခင်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဇော်ဇော်အောင် သွားလာတတ်တဲ့ နေရာတွေကို စုံစမ်းခဲ့ပါတယ်။

တရားခံ ဇော်ဇော်အောင်ဟာ သူအရင် အလုပ်လုပ်ခဲ့တဲ့ မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံတန်းရှိ စားသောက်ဆိုင်မှာ အလုပ်ပြန်လည် လုပ်ကိုင်နေတာ သိရှိရတဲ့အတွက် အောက်တိုဘာ ၂ ရက်နေ့ ည ၈ နာရီမှာ ပြန်ဖမ်းမိခဲ့ပါတယ်။

ဇော်ဇော်အောင် ထွက်ပြေးမှုမှာ တာဝန်ကို ပေါ့လျော့စွာ ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူ အဆင့်ဆင့်လည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)