
0
396



…………………… ။ ။ ……………………….

‘ရိုဟင်ဂျာဟိန္ဒူ’ အသုံးအနှုန်း ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် ကန့်ကွက်

နိုင်ငံခြား မီဒီယာတချို့က ဟိန္ဒူလူမျိုးတွေကို ‘ရိုဟင်ဂျာဟိန္ဒူ’ ဆိုတဲ့ ဝေါဟာရနဲ့ ခေါ်ဆိုနေတဲ့ အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ် သနန္တနဓမ္မပါလ အဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။

ဟိန္ဒူဘာသာဝင်များ အနေနဲ့ မိမိတို့ မှီတင်းနေထိုင်ရာ တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး နိုင်ငံတကာ သတင်းဌာနတွေက မေးမြန်းလာတဲ့အခါ အမှန်တရားကိုသာ ရဲရဲဝံ့ဝံ့ ပြောဆိုကြဖို့လည်း သနန္တနဓမ္မပါလ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်အနာတရ ဖြစ်ရတဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းကို အစိုးရနဲ့ ပူးတွဲလုပ်ကိုင်လိုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)