ရခိုင္မွာ ေသာင္းနဲ႔ခ်ီတဲ့ ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ္ ေရႊ႕ေျပာင္းဖို႔ စု႐ံုး

0
361

ရခိုင္ျပည္နယ္မွာ ေသာင္းနဲ႔ခ်ီတဲ့ ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေရႊ႕ေျပာင္းဖို႔ ႏွစ္ႏိုင္ငံနယ္စပ္မွာ စု႐ံုးေရာက္ရွိေနၾကတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္၊ လက္ဖြဲ႔က်ေက်းရြာနဲ႔ ကြမ္းသီးပင္ေက်းရြာၾကား အေနာက္ဖက္ ေတာစပ္မွာ ဘဂၤါလီ ၁၀၀၀၀ခန္႔ ဘဂၤလားေဒ႔ရွ္ႏုိင္ငံဘက္သုိ႔ ထြက္ခြာဖို႔ ထပ္မံေရာက္ရွိလာလို႔ တာဝန္ရွိသူေတြက သြားေရာက္ ေတြ႔ဆုံညိႇႏႈိင္းခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားက ဘဂၤါလီေတြဟာ စားဝတ္ေနေရးအခက္အခဲ၊ လုံၿခဳံေရးအေျခအေန၊ ဘဂၤလားေဒ႔ရွ္ နိုင္ငံ သုိ႔ ေရာက္ရွိေနတဲ့ ဘဂၤါလီေတြက ထြက္လာဖို႔ ဆက္သြယ္ေျပာဆိုျခင္း၊ လူနည္းစုျဖစ္မွာကို စိုးရိမ္လို႔ တစ္ဖက္ႏုိင္ငံရွိ သူတို႔ မ်ိဳးႏြယ္စု မ်ားထံ သြားေရာက္လိုျခင္း စတဲ့အခ်က္ေတြေၾကာင့္ ဘဂၤလားေဒ့ရွ္သြားဖို႔ အခုလို နယ္စပ္မွာ စုရံုးေရာက္ရွိေနၾကတာလို႔လည္း အစိုးရသတင္းက ဆိုပါတယ္။
…………………….. ။ ။ ……………………….

ရခိုင်မှာ သောင်းနဲ့ချီတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းဖို့ စုရုံး

ရခိုင်ပြည်နယ်မှာ သောင်းနဲ့ချီတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရွှေ့ပြောင်းဖို့ နှစ်နိုင်ငံနယ်စပ်မှာ စုရုံးရောက်ရှိနေကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ လက်ဖွဲ့ကျကျေးရွာနဲ့ ကွမ်းသီးပင်ကျေးရွာကြား အနောက်ဖက် တောစပ်မှာ ဘင်္ဂါလီ ၁၀ဝ၀ဝခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာဖို့ ထပ်မံရောက်ရှိလာလို့ တာဝန်ရှိသူတွေက သွားရောက် တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများက ဘင်္ဂါလီတွေဟာ စားဝတ်နေရေးအခက်အခဲ၊ လုံခြုံရေးအခြေအနေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေက ထွက်လာဖို့ ဆက်သွယ်ပြောဆိုခြင်း၊ လူနည်းစုဖြစ်မှာကို စိုးရိမ်လို့ တစ်ဖက်နိုင်ငံရှိ သူတို့ မျိုးနွယ်စု များထံ သွားရောက်လိုခြင်း စတဲ့အချက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်သွားဖို့ အခုလို နယ်စပ်မှာ စုရုံးရောက်ရှိနေကြတာလို့လည်း အစိုးရသတင်းက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)