ကိုဗစ်ကာကွယ်ရေး ချမှတ်ထားတဲ့ ဥပဒေ၊ စည်းကမ်း ချိုးဖောက်သူတွေကို တင်းကျပ်စွာ အရေးယူဖို့ ညွှန်ကြား

0
793

❖ အစိုးရ ချမှတ်ထားတဲ့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အမိန့်၊ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေစား၊ လိုက်နာမှု မရှိပဲ ချိုးဖောက်သူတွေကို တင်းကျပ်စွာ အရေးယူဆောင်ရွက်တော့ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားလိုက်ပါတယ်။

❖  စက်တင်ဘာလ ၂ ရက်နေ့က အင်တာနက်ကတဆင့် ပြုလုပ်ခဲ့တဲ့ အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်မှာ ကိုဗစ်လူနာတွေနဲ့ သူတို့နဲ့ ထိတွေ့မှု ရှိခဲ့သူတွေကို စုံစမ်းရှာဖွေ ဖော်ထုတ်ရေးအခြေအနေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

❖         ဒီအစီအစဉ်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့က ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)