ကားမွတ္တိုင္မွာ ဆိုင္ခန္းထားမယ့္ကိစၥ လူထု မလုပ္ေစလိုပါက မလုပ္႐ံုလို႔ ၿမိဳ႕ေတာ္ဝန္ေျပာ

0
56

ဘတ္စ္ကားမွတ္တုိင္ေတြမွာ ထားရွိမယ့္ ဆုိင္ခန္းကိစၥကို လူထုက မလုပ္ေစလိုပါက မလုပ္႐ံုသာရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ဒီကေန႔ စက္တင္ဘာလ ၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ  ေျပာပါတယ္။

ဘတ္စ္ကားမွတ္တုိင္ေတြမွာ ထားရွိမယ့္ ငါးေပပတ္လည္ ႐ံုေတြဟာ အခုလက္ရွိ ေဝဖန္ေနသလို ဆုိင္ခန္းေတြ အျဖစ္ ထားရွိဖို႔ မဟုတ္ဘဲ YBS ဘတ္စ္ကားစနစ္မွာ ေငြေပးကတ္ေတြ က်င့္သံုးပါက အဲ့ဒီကတ္ေရာင္းခ်ဖို႔နဲ႔ ေငြျဖည့္ဖို႔ အတြက္ စီစဥ္ထားတာျဖစ္ပါတယ္။

မွတ္တုိင္မွာ ဆိုင္ဖြင့္မွာမဟုတ္ပဲ ခရီးသြားျပည္သူေတြ လက္မွတ္သံုးတတ္ေအာင္ လုပ္ေပးမွာျဖစ္ၿပီး  ၿမိဳ႕ေတာ္ဝန္ wစ္ေယာက္အေနနဲ႔ လုပ္ခ်င္ေပမယ့္လည္း လူထုကလည္းမလုပ္နဲ႔၊ မလုပ္ခ်င္ဘူးဆိုရင္ေတာ့ မလုပ္႐ံုပဲရွိတာပဲလို႔ ၿမိဳ႕ေတာ္၀န္ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ကားမှတ်တိုင်မှာ ဆိုင်ခန်းထားမယ့်ကိစ္စ လူထု မလုပ်စေလိုပါက မလုပ်ရုံလို့ မြို့တော်ဝန်ပြော


ဘတ်စ်ကားမှတ်တိုင်တွေမှာ ထားရှိမယ့် ဆိုင်ခန်းကိစ္စကို လူထုက မလုပ်စေလိုပါက မလုပ်ရုံသာရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


ဘတ်စ်ကားမှတ်တိုင်တွေမှာ ထားရှိမယ့် ငါးပေပတ်လည် ရုံတွေဟာ အခုလက်ရှိ ဝေဖန်နေသလို ဆိုင်ခန်းတွေ အဖြစ် ထားရှိဖို့ မဟုတ်ဘဲ YBS ဘတ်စ်ကားစနစ်မှာ ငွေပေးကတ်တွေ ကျင့်သုံးပါက အဲ့ဒီကတ်ရောင်းချဖို့နဲ့ ငွေဖြည့်ဖို့ အတွက် စီစဉ်ထားတာဖြစ်ပါတယ်။


မှတ်တိုင်မှာ ဆိုင်ဖွင့်မှာမဟုတ်ပဲ ခရီးသွားပြည်သူတွေ လက်မှတ်သုံးတတ်အောင် လုပ်ပေးမှာဖြစ်ပြီး မြို့တော်ဝန် wစ်ယောက်အနေနဲ့ လုပ်ချင်ပေမယ့်လည်း လူထုကလည်းမလုပ်နဲ့၊ မလုပ်ချင်ဘူးဆိုရင်တော့ မလုပ်ရုံပဲရှိတာပဲလို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)