အာဏာရပါတီ တည္ၿမဲေရး ရည္ရြယ္ေနေၾကာင္း ျမင္လို႔ ANP ေျခ/ဥ ျပင္ဆင္ေရး ေကာ္မတီက ႏုတ္ထြက္

0
48

၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးမွာ မိမိတုိ႔ ပါတီအပါအဝင္ တျခား တုိင္းရင္းသားပါတီေတြ လုိလားတဲ့ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အခန္းက႑မွာ ပီျပင္စြာ ပါဝင္ႏိုင္ဖို႔ အေျခအေန မရွိေတာ့တဲ့အျပင္ ဗဟုိခ်ဳပ္ကုိင္မႈစနစ္ က်င့္သုံးၿပီး လက္ရွိအာဏာရပါတီရဲ႕ တည္ၿမဲေရးကိုသာ ရည္ရြယ္ေနေၾကာင္း ေတြ႔ျမင္လာရတဲ့အတြက္ ရခုိင္အမ်ဳိးသားပါတီ (ANP) က ဖြဲ႔စည္း အေျခခံဥပေဒ ပုံျပင္ဆင္ေရး ေကာ္မတီကေန ႏုတ္ထြက္ခဲ့တာ ျဖစ္တယ္လို႔ ဒီကေန႔ စက္တင္ဘာလ ၃ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

လြတ္ေတာ္ကုိယ္စားလွယ္ ၄၅ ဦးပါဝင္တဲ့ ဖြဲ႔စည္းပုံအေျခခံ ဥပေဒ (၂၀၀၈)ျ ပင္ဆင္ေရး ပူးေပါင္းေက္ာမတီမွာ အဆုိျပဳခ်က္ေတြကုိ ဆုံးျဖတ္ခ်က္ခ်မွတ္တဲ့စနစ္မွာ အႏိုင္ရ အင္အားႀကီး ပါတီတစ္ခုရဲ႕ သေဘာထား အဆုိျပဳခ်က္ေတြကုိသာ မဲအသာစီးနဲ႔ အတည္ျပဳ ဆုံးျဖတ္တဲ့စနစ္ ျဖစ္ေနတဲ့အတြက္ ANP နဲ႔အတူ  တျခား တုိင္းရင္းသား ပါတီေတြရဲ႕ ျပင္ဆင္လုိတဲ့ အခ်က္ေတြမွာ အတည္ျပဳ ဆုံးျဖတ္ျခင္း မရွိႏုိင္ေတာ့ေၾကာင္း ေတြ႔ျမင္လာတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒါေၾကာင့္ ANP ကိုယ္စားျပဳပါဝင္ေနတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ႏွစ္ဦးပါဝင္ေနတာကို ပယ္ဖ်က္လိုက္တာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ လက္ရွိမွာ  ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေက္ာမတီကေန အမ်ိဳးသားညီၫႊတ္ေသာ ဒီမိုကရက္တစ္ပါတီ ဥကၠ႒၊ ျပည္သူ႔ လႊတ္ေတာ္ကုိယ္စားလွယ္ ဦးစိန္ဝင္းနဲ႔ ရခုိင္အမ်ဳိးသားပါတီက ကိုယ္စားလွယ္ႏွစ္ဦး ႏုတ္ထြက္ခဲ့တာ ျဖစ္ပါတယ္။

အာဏာရပါတီ တည်မြဲရေး ရည်ရွယ်နေကြောင်း မြင်လို့ ANP ခြေ/ဥ ပြင်ဆင်ရေး ကော်မတီက နုတ်ထွက်


၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မိမိတို့ ပါတီအပါအဝင် တခြား တိုင်းရင်းသားပါတီတွေ လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပီပြင်စွာ ပါဝင်နိုင်ဖို့ အခြေအနေ မရှိတော့တဲ့အပြင် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပြီး လက်ရှိအာဏာရပါတီရဲ့ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရတဲ့အတွက် ရခိုင်အမျိုးသားပါတီ (ANP) က ဖွဲ့စည်း အခြေခံဥပဒေ ပုံပြင်ဆင်ရေး ကော်မတီကနေ နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။


လွတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈)ြ ပင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အဆိုပြုချက်တွေကို ဆုံးဖြတ်ချက်ချမှတ်တဲ့စနစ်မှာ အနိုင်ရ အင်အားကြီး ပါတီတစ်ခုရဲ့ သဘောထား အဆိုပြုချက်တွေကိုသာ မဲအသာစီးနဲ့ အတည်ပြု ဆုံးဖြတ်တဲ့စနစ် ဖြစ်နေတဲ့အတွက် ANP နဲ့အတူ တခြား တိုင်းရင်းသား ပါတီတွေရဲ့ ပြင်ဆင်လိုတဲ့ အချက်တွေမှာ အတည်ပြု ဆုံးဖြတ်ခြင်း မရှိနိုင်တော့ကြောင်း တွေ့မြင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲဒါကြောင့် ANP ကိုယ်စားပြုပါဝင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးပါဝင်နေတာကို ပယ်ဖျက်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ လက်ရှိမှာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)