ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္ သက္တမ္းရွိ တြားသြားသတၱဝါ ေက်ာက္ျဖစ္႐ုပ္ၾကြင္း ရွာေဖြေတြ႔ရွိ

0
110

ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္သက္တမ္းရွိ ဒိုင္ႏိုေဆာမ်ိဳးႏြယ္ဝင္ ပင္လယ္ေပ်ာ္ ေက်ာ႐ိုးရွိ တြားသြားသတၱဝါရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ အေနာက္ဘက္ရွိ ရဲေဘာ္ေဟာင္း ေက်ာက္ေတာင္မွာ သုေတသနျပဳ ရွာေဖြေတြ႔ရွိခဲ့ပါတယ္။

အဲဒီ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ရတနာပုံ တကၠသိုလ္၊ ဘူမိေဗဒဌာနက ၂၀၁၈ ခုႏွစ္ အတြင္းမွာ ရွာေဖြရွိခဲ့တာပါ။ ဖြတ္၊ ပုတတ္၊ ပုတ္သင္ညိဳတို႔လို ေခါင္းေသးၿပီး လည္ပင္း ရွည္ကာ အ႐ြယ္အစားက ၂၀ စင္တီမီတာကေန ၁ မီတာအထိ ရွည္လ်ားတဲ့အျပင္ ေမး႐ိုးမွာ ေသးငယ္ခြၽန္ထက္တဲ့ သြားေတြ ပါရွိပါတယ္။ ငါးေတြကို စားသုံးတဲ့ သတၱဝါျဖစ္လို႔ ႐ုပ္ႂကြင္းနဲ႔ ငါး႐ုပ္ႂကြင္းေတြပါ ေတြ႔ရွိခဲ့ပါတယ္။

ေက်ာက္ျဖစ္႐ုပ္ႂကြင္းနဲ႔ ပတ္သက္ၿပီး သုေတသနစာတမ္းေတြကို အဂၤလန္ႏိုင္ငံရွိ အီဒင္ဘာ့ဂ်္ တကၠသိုလ္က ပညာရွင္ေတြနဲ႔ ပူးေပါင္းကာ Acta Palaeontologica Polonica ဂ်ာနယ္မွာ ပံုႏွိပ္ေဖာ္ျပၿပီး ျဖစ္ပါတယ္။

နှစ်သန်းပေါင်း ၂၀ဝ ကျော် သက်တမ်းရှိ တွားသွားသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိ


နှစ်သန်းပေါင်း ၂၀ဝ ကျော်သက်တမ်းရှိ ဒိုင်နိုဆောမျိုးနွယ်ဝင် ပင်လယ်ပျော် ကျောရိုးရှိ တွားသွားသတ္တဝါရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အနောက်ဘက်ရှိ ရဲဘော်ဟောင်း ကျောက်တောင်မှာ သုတေသနပြု ရှာဖွေတွေ့ရှိခဲ့ပါတယ်။


အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို ရတနာပုံ တက္ကသိုလ်၊ ဘူမိဗေဒဌာနက ၂၀၁၈ ခုနှစ် အတွင်းမှာ ရှာဖွေရှိခဲ့တာပါ။ ဖွတ်၊ ပုတတ်၊ ပုတ်သင်ညိုတို့လို ခေါင်းသေးပြီး လည်ပင်း ရှည်ကာ အရွယ်အစားက ၂၀ စင်တီမီတာကနေ ၁ မီတာအထိ ရှည်လျားတဲ့အပြင် မေးရိုးမှာ သေးငယ်ချွန်ထက်တဲ့ သွားတွေ ပါရှိပါတယ်။ ငါးတွေကို စားသုံးတဲ့ သတ္တဝါဖြစ်လို့ ရုပ်ကြွင်းနဲ့ ငါးရုပ်ကြွင်းတွေပါ တွေ့ရှိခဲ့ပါတယ်။


ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ ပတ်သက်ပြီး သုတေသနစာတမ်းတွေကို အင်္ဂလန်နိုင်ငံရှိ အီဒင်ဘာ့ဂျ် တက္ကသိုလ်က ပညာရှင်တွေနဲ့ ပူးပေါင်းကာ Acta Palaeontologica Polonica ဂျာနယ်မှာ ပုံနှိပ်ဖော်ပြပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)