ကေလးစစ္သား စုေဆာင္းမႈ အရာရွိ ၉၆ ဦးနဲ႔ တျခားအဆင့္ စစ္သည္ ၃၅၂ ဦးကို အေရးယူခဲ့

0
110

ကေလးသူငယ္ စစ္မႈထမ္းျခင္းနဲ႔ ပတ္သက္ၿပီး ၂၀၁၆ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္၊ ေမလအထိ စုေဆာင္းမႈ နည္းလမ္းမမွန္ဘဲ မွားယြင္းစုေဆာင္းခဲ့တဲ့ အရာရွိ ၉၆ ဦး၊ တျခားအဆင့္ စစ္သည္ ၃၅၂ ဦးကုိ စစ္စည္းကမ္းအရ အေရးယူခဲ့ေၾကာင္း တပ္မေတာ္သား ကုိယ္စားလွယ္ ဗုိလ္မွဴးႀကီး ေအာင္ေက်ာ္မုိးက ေျပာပါတယ္။

စက္တင္ဘာလ ၂ ရက္ေန႔က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးဆုိင္ရာ စာခ်ဳပ္ပါ လက္နက္ကုိင္ ပဋိပကၡအတြင္း ကေလးသူငယ္ေတြရဲ႕ ပါဝင္ပတ္သက္မႈ ဆုိင္ရာ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္ကုိ ျမန္မာႏုိင္ငံက အတည္ျပဳပါဝင္ေရး ကိစၥနဲ႔ပတ္သက္ၿပီး ေဆြးေႏြးစဥ္ တပ္မေတာ္သား လႊတ္ေတ္ာကုိယ္စားလွယ္က ထည့္သြင္းေျပာၾကားခဲ့တာပါ။

တပ္မေတာ္အေနနဲ႔ အရြယ္မေရာက္ေသးသူ ကေလးသူငယ္ေတြ စစ္မႈထမ္းျခင္းက ကာကြယ္တားဆီးေရး ေကာ္မတီကုိ ၂၀၁၆ ခုႏွစ္၊ ေမလ ၁၁ ရက္ေန႔မွာ ကာကြယ္ေရးဝန္ႀကီးက ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီး ဖြဲ႔စည္းခဲ့ပါတယ္။

ကလေးစစ်သား စုဆောင်းမှု အရာရှိ ၉၆ ဦးနဲ့ တခြားအဆင့် စစ်သည် ၃၅၂ ဦးကို အရေးယူခဲ့


ကလေးသူငယ် စစ်မှုထမ်းခြင်းနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်၊ မေလအထိ စုဆောင်းမှု နည်းလမ်းမမှန်ဘဲ မှားယွင်းစုဆောင်းခဲ့တဲ့ အရာရှိ ၉၆ ဦး၊ တခြားအဆင့် စစ်သည် ၃၅၂ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောပါတယ်။


စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးဆိုင်ရာ စာချုပ်ပါ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ကို မြန်မာနိုင်ငံက အတည်ပြုပါဝင်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့တာပါ။


တပ်မတော်အနေနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းက ကာကွယ်တားဆီးရေး ကော်မတီကို ၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)