ေသဒဏ္က်ခံေနရတဲ့ ဝင္းနဲ႔ ေဇာ္ အတြက္ အစိုးရက ထိုင္းဘုရင္ဆီ အသနားခံစာ တင္မယ္

0
106

လိ္ပ္ကြ်န္းလူသတ္မႈနဲ႔ ေသဒဏ္က်ခံေနရတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ႏွစ္ဦးအတြက္ အစိုးရက ထုိင္းဘုရင္ဆီ အသနားခံစာတင္ျပသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။


လိပ္ကြ်န္းလူသတ္မႈနဲ႔ ေသဒဏ္က်ခံေနရတဲ့ ေရႊ႕ေျပာင္း ျမန္မာ အလုပ္သမား ႏွစ္ဦးအတြက္ အစိုးရတာဝန္ရွိသူေတြက ထုိင္းဘုရင္ဆီ အသနားခံစာ တင္သြားဖို႔ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ အလုပ္သမား ၊လူ၀င္မႈႀကီးၾကပ္ေရး ႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြ က ေျပာၾကား ခဲ့ပါတယ္။


စက္တင္ဘာလ ၂ ရက္ေန႔က ေနျပည္ေတာ္ရွိ အလုပ္သမား၀န္ႀကီးဌာနရုံးမွာ ျပဳလုပ္တဲ့ အလုပ္သမားေရးရာ ပူးေပါင္းေဆာင္ရြက္ေရးလုပ္ငန္းေကာ္မတီအစည္းအေ၀း အၿပီး မီဒီယာေတြရဲ႕ ေမးျမန္းမႈကုိ ေျဖၾကားခဲ့တာပါ။


Sound Bite ဦးသိန္းေဆြ (ျပည္ေထာင္စု၀န္ႀကီး)
အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန


အဲဒီ ျမန္မာလုပ္သားႏွစ္ဦးရဲ႕ ေနာက္ဆုံးအဆင့္အယူခံကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၉ ရက္ေန႔က ထုိင္းႏုိင္ငံရွိ အျမင့္ဆုံးတရားရုံးက ပယ္ဖ်တ္ခဲဲ႔ၿပီး ေသဒဏ္သာဆက္လက္က်ခံဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။


အဲဒါေၾကာင့္ ႏုိင္ငံေတာ္အႀကီးအကဲေတြဆီက ညႊန္ၾကားခ်က္ရယူၿပီး ဌာနအေနနဲ႔ အလုပ္သမားသံအရာရွိေတြ ထုိင္းႏုိင္ငံရွိ သံအမတ္ႀကီးေတြ ၊ထုိင္းႏုိင္ငံမွာရွိတဲ့ အလုပ္သမားအဖြဲ႕အစည္း၀ုိင္း၀န္းကူညီေနတယ္လုိ႔လည္း အလုပ္သမား၀န္ႀကီး ေျပာပါတယ္ ။


Sound Bite ဦးသိန္းေဆြ (ျပည္ေထာင္စု၀န္ႀကီး)
အလုပ္သမား၊လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန


ၿပီးခဲ့တဲ့ ၂၀၁၄ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က ၿဗိတိန္ႏိုင္ငံသား ၂ ဦး ထိုင္းႏိုင္ငံ ေကာ့ေတာင္ကြ်န္း (လိပ္ကြ်န္း)မွာ အသတ္ခံခဲ့ရတာေၾကာင့္ သံသယ တရားခံအေနနဲ႔ ေရႊ႕ေျပာင္းျမန္မာအလုပ္သမား ၂ ဦးကို ဖမ္းဆီးကာ ေကာ့စေမြခရိုင္ တရားရံုးက ၂၀၁၅ခုႏွစ္ ဒီဇင္ဘာ ၂၄ရက္ေန႔မွာ ေသဒဏ္ခ်မွတ္ကာ အယူခံအဆင့္ဆင့္နဲ႔ အခု ေနာက္ဆံုး အဆင့္ ဗဟိုတရားရုံးက အယူခံပယ္ဖ်တ္ၿပီး ေသဒဏ္ကို ဆက္လက္အတည္ျပဳခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

သေဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ ဇော် အတွက် အစိုးရက ထိုင်းဘုရင်ဆီ အသနားခံစာတင်မယ်


လိ်ပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးအတွက် အစိုးရက ထိုင်းဘုရင်ဆီ အသနားခံစာတင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။


လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမား နှစ်ဦးအတွက် အစိုးရတာဝန်ရှိသူတွေက ထိုင်းဘုရင်ဆီ အသနားခံစာ တင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောကြား ခဲ့ပါတယ်။


စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး အပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။


Sound Bite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန


အဲဒီ မြန်မာလုပ်သားနှစ်ဦးရဲ့ နောက်ဆုံးအဆင့်အယူခံကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံရှိ အမြင့်ဆုံးတရားရုံးက ပယ်ဖျတ်ခဲ့ပြီး သေဒဏ်သာဆက်လက်ကျခံဖို့ ဆုံးဖြတ်ခဲ့တာပါ။


အဲဒါကြောင့် နိုင်ငံတော်အကြီးအကဲတွေဆီက ညွှန်ကြားချက်ရယူပြီး ဌာနအနေနဲ့ အလုပ်သမားသံအရာရှိတွေ ထိုင်းနိုင်ငံရှိ သံအမတ်ကြီးတွေ ၊ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားအဖွဲ့အစည်းဝိုင်းဝန်းကူညီနေတယ်လို့လည်း အလုပ်သမားဝန်ကြီး ပြောပါတယ် ။


Sound Bite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန


ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး ထိုင်းနိုင်ငံ ကော့တောင်ကျွန်း (လိပ်ကျွန်း)မှာ အသတ်ခံခဲ့ရတာကြောင့် သံသယ တရားခံအနေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီးကာ ကော့စမွေခရိုင် တရားရုံးက ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့မှာ သေဒဏ်ချမှတ်ကာ အယူခံအဆင့်ဆင့်နဲ့ အခု နောက်ဆုံး အဆင့် ဗဟိုတရားရုံးက အယူခံပယ်ဖျတ်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)