ေလယာဥ္လက္မွတ္ေတြ ေရာင္းခ်ေပးတဲ့ IATA ရဲ႕ BSP စနစ္ ျမန္မာမွာ စတင္

0
86

International Air Transport Association (IATA) ရဲ႕ ေလယာဥ္လက္မွတ္ေတြ ေရာင္းခ်ေပးတဲ့ Billing and Settlement Plan (BSP) ကို ျမန္မာႏိုင္ငံမွာ စက္တင္ဘာလ ၁ ရက္ေန႔က စတင္လိုက္ပါတယ္။ 

BSP ဟာ ကမာၻတစ္ဝန္းမွာ အမ်ားဆံုး အသံုးျပဳေနတဲ့ ေလယာဥ္လက္မွတ္ ေရာင္းခ်တဲ့စနစ္တစ္မ်ိဳး ျဖစ္ပါတယ္။ International Air Transport Association (IATA) က ျပည္တြင္း၊ ျပည္ပ ေလယာဥ္လက္မွတ္ ေရာင္းခ်တဲ့ အဖြဲ႔ေတြရဲ႕ အခ်ဳပ္ ျဖစ္ပါတယ္။

BSP စနစ္ကို စတင္ျခင္းအားျဖင့္ ေလယာဥ္လက္မွတ္ ေရာင္းခ်မႈ အဆင့္ေတြကို လြယ္ကူသက္သာေစမွာ ျဖစ္ပါတယ္။ BSP စနစ္ေၾကာင့္ ျမန္မာ့ ခရီးသြားလုပ္ငန္း က႑ကို ပိုမိုဖြံ႔ၿဖိဳးဖို႔ အေထာက္အကူ ျဖစ္ေစၿပီး ေခတ္မီေစမွာ ျဖစ္ေၾကာင္း အာရွ-ပစိဖိတ္ဆိုင္ရာ IATA ရဲ႕ ဒုတိယ ဥကၠ႒ ကြန္းရတ္ ကလစ္ဖို႔ဒ္က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စတင္တဲ့ BSP မွာ ေလေၾကာင္းလိုင္း ၅ ခုနဲ႔ ခရီးသြားလုပ္ငန္း ၁၂ ခု ပူးေပါင္း ပါဝင္ထားပါတယ္။ လာမယ့္လေတြမွာ ေနာက္ထပ္ လုပ္ငန္းေတြ ပူးေပါင္းပါဝင္လာဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။

လေယာဉ်လက်မှတ်တွေ ရောင်းချပေးတဲ့ IATA ရဲ့ BSP စနစ် မြန်မာမှာ စတင်


International Air Transport Association (IATA) ရဲ့ လေယာဉ်လက်မှတ်တွေ ရောင်းချပေးတဲ့ Billing and Settlement Plan (BSP) ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့က စတင်လိုက်ပါတယ်။


BSP ဟာ ကမ္ဘာတစ်ဝန်းမှာ အများဆုံး အသုံးပြုနေတဲ့ လေယာဉ်လက်မှတ် ရောင်းချတဲ့စနစ်တစ်မျိုး ဖြစ်ပါတယ်။ International Air Transport Association (IATA) က ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ် ရောင်းချတဲ့ အဖွဲ့တွေရဲ့ အချုပ် ဖြစ်ပါတယ်။


BSP စနစ်ကို စတင်ခြင်းအားဖြင့် လေယာဉ်လက်မှတ် ရောင်းချမှု အဆင့်တွေကို လွယ်ကူသက်သာစေမှာ ဖြစ်ပါတယ်။ BSP စနစ်ကြောင့် မြန်မာ့ ခရီးသွားလုပ်ငန်း ကဏ္ဍကို ပိုမိုဖွံ့ဖြိုးဖို့ အထောက်အကူ ဖြစ်စေပြီး ခေတ်မီစေမှာ ဖြစ်ကြောင်း အာရှ-ပစိဖိတ်ဆိုင်ရာ IATA ရဲ့ ဒုတိယ ဥက္ကဋ္ဌ ကွန်းရတ် ကလစ်ဖို့ဒ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စတင်တဲ့ BSP မှာ လေကြောင်းလိုင်း ၅ ခုနဲ့ ခရီးသွားလုပ်ငန်း ၁၂ ခု ပူးပေါင်း ပါဝင်ထားပါတယ်။ လာမယ့်လတွေမှာ နောက်ထပ် လုပ်ငန်းတွေ ပူးပေါင်းပါဝင်လာဖို့လည်း မျှော်လင့်ထားပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)