ရွမ္းျပည္ေျမာက္ပိုင္း တိုက္ခိုက္မႈေတြေၾကာင့္ အရပ္သားေတြ အႏၱရာယ္ရွိေနေၾကာင္း AI ထုတ္ျပန္

0
147

ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႔ေတြ တိုက္ပြဲေတြျဖစ္ပြားေနၿပီး အရပ္သားေတြကို အကာအကြယ္ေပးေရးနဲ႔ အကူအညီေတြ ရရွိေရး ေသခ်ာေအာင္ လုပ္ေဆာင္ေပးဖို႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ (AI) က ဒီေန႔ စက္တင္ဘာလ ၃ ရက္ေန႔မွာ သတင္း ထုတ္ျပန္လိုက္ပါတယ္။

ၾသဂုတ္လ ၃၁ ရက္ေန႔မွာ ေမာ္တာနဲ႔ ပစ္ခတ္မႈေၾကာင့္ ကေလးငယ္ သံုးဦး အပါအဝင္ အရပ္သားငါးဦး ေသဆံုးတဲ့အေပၚ အလြန္အမင္း စိုးရိမ္ပူပန္ေၾကာင္း၊ ဘယ္ဘက္က ပစ္ခတ္တယ္ဆိုတာ အတည္မျပဳႏိုင္ေပမယ့္ အဲဒီလို အရပ္သားေတြ ေသဆံုးေစမႈဟာ စစ္ရာဇဝတ္မႈျဖစ္ေၾကာင္း AI ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အရပ္သားေတြကို ပစ္မွတ္ထားတာ၊ အရပ္သားနဲ႔ လက္နက္ကိုင္ မခြဲျခားဘဲ တိုက္ခိုက္တာေတြကို ႏွစ္ဖက္စလံုးက အျမန္ဆံုး ရပ္တန္႔ဖို႔လည္း AI က ေတာင္းဆိုထားပါတယ္။ ကုလသမဂၢ လူသားခ်င္း စာနာေထာက္ထားမႈ ေရးရာ ညိႇႏႈိင္းေရး႐ံုး (OCHA) ရဲ႕ စာရင္းအရ ေနာက္ဆံုး ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ရသူ ၈ ေထာင္ခန္႔ ရွိေနပါတယ္။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြက လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးတဲ့ အဖြဲ႔ေတြကို ၿခံဳခိုတိုက္ခိုက္တာ၊ သယ္ယူပို႔ေဆာင္ေပးတဲ့ ကားေတြကို တိုက္ခိုက္တာေတြ ရွိလို႔ လိုအပ္ေနတဲ့ေနရာေတြကို အကူအညီ မေပးႏိုင္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရှမ်းပြည်မြောက်ပိုင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အန္တရာယ်ရှိနေကြောင်း AI ထုတ်ပြန်


ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ အကူအညီတွေ ရရှိရေး သေချာအောင် လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဒီနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။


သြဂုတ်လ ၃၁ ရက်နေ့မှာ မော်တာနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သားငါးဦး သေဆုံးတဲ့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း၊ ဘယ်ဘက်က ပစ်ခတ်တယ်ဆိုတာ အတည်မပြုနိုင်ပေမယ့် အဲဒီလို အရပ်သားတွေ သေဆုံးစေမှုဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်း AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အရပ်သားတွေကို ပစ်မှတ်ထားတာ၊ အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်တာတွေကို နှစ်ဖက်စလုံးက အမြန်ဆုံး ရပ်တန့်ဖို့လည်း AI က တောင်းဆိုထားပါတယ်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ရေးရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ စာရင်းအရ နောက်ဆုံး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရသူ ၈ ထောင်ခန့် ရှိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လူသားချင်း စာနာထောက်ထားမှု အကူအညီပေးတဲ့ အဖွဲ့တွေကို ခြုံခိုတိုက်ခိုက်တာ၊ သယ်ယူပို့ဆောင်ပေးတဲ့ ကားတွေကို တိုက်ခိုက်တာတွေ ရှိလို့ လိုအပ်နေတဲ့နေရာတွေကို အကူအညီ မပေးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)