ကခ်င္ျပည္နယ္ ေနရပ္စြန္႔ ခြာသူေတြ ျပန္လည္ေနရာ ခ်ထားေရး ေဆြးေႏြး

0
153

ကခ်င္ျပည္နယ္အတြင္းရွိ ေနရပ္စြန႔္ခြာရသူမ်ား (IDPs) ျပန္လည္ေနရာခ်ထားမႈ အေကာင္အထည္ေဖာ္ေရး ဆိုင္ရာလုပ္ငန္းအဖြဲ႕ကုိ  ကုလသမဂၢအဖြဲ႕အစည္းေတြနဲ႔ ICRC,IFRC, MRCS အဖြဲ႕ေတြက ကုိယ္စားလွယ္အဖြဲ႕ေတြ ၾသဂုတ္လ ၂ ရက္ေန႔က လာေရာက္ေဆြးေႏြး ခဲ့ၾကပါတယ္။ 

ေတြ႕ဆုံေဆြးေႏြးရာမွာ  IDP စခန္းေတြ ပိတ္သိမ္းေရးနဲ႔ ပတ္သက္ၿပီး   အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာ ေရးဆြဲေဆာင္႐ြက္ရာမွာ ပူးေပါင္းပါ၀င္ခဲ့တဲ့   ကုလသမဂၢအဖြဲ႕ အစည္းမ်ား နဲ႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီ အဖြဲ႕အစည္းေတြက ပူးေပါင္းေဆာင္႐ြက္လိုတဲ့ နယ္ပယ္ေတြ ေဖာ္ထုတ္ႏိုင္ေရး၊ ျပန္လည္ေနရာခ်ထားေရး အတြက္ ႏိုင္ငံေတာ္ကဦးစားေပး ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းစဥ္ေတြ ခ်မွတ္ေဆာင္ရြက္ေနမႈ စတဲ့ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ မူလေနရပ္မွာ ေဘးကင္းလုံၿခဳံေရးအတြက္ မိုင္းရွင္းလင္းေရး ပူးေပါင္းေဆာင္႐ြက္ေနမႈ၊ စာသင္ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ေနမႈ၊ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ား ေဖာ္ေဆာင္ေပးေနမႈ၊ ပတ္ဝန္းက်င္လုံၿခဳံမႈႏွင့္ ေဘးအႏၲရာယ္ ကင္းရွင္းေရး စီမံခ်က္မ်ား၊ လွ်ပ္စစ္မီး ရရွိေရးနည္းလမ္းမ်ား နဲ႔ အေဆာက္အဦးမ်ား ေဆာက္လုပ္ေနမႈ အစီအမံမ်ား၊ ျပန္လည္ထူေထာင္ေရး လုပ္ငန္းလုပ္ ေဆာင္ရာမွာ စာသင္ေက်ာင္းေတြ  ေက်းလက္ေဆးေပးခန္း နဲ႔ အမ်ားပိုင္ ေနရာမ်ားအတြက္ ဦးစားေပး ေဆာင္႐ြက္ေပးဖို႔ စတဲ့ကိစၥရပ္ေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။

ကချင်ပြည်နယ် နေရပ်စွန့် ခွာသူတွေ ပြန်လည်နေရာချထားရေး ဆွေးနွေး


ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ICRC,IFRC, MRCS အဖွဲ့တွေက ကိုယ်စားလှယ်အဖွဲ့တွေ သြဂုတ်လ ၂ ရက်နေ့က လာရောက်ဆွေးနွေး ခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးရာမှာ IDP စခန်းတွေ ပိတ်သိမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းများ နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်လိုတဲ့ နယ်ပယ်တွေ ဖော်ထုတ်နိုင်ရေး၊ ပြန်လည်နေရာချထားရေး အတွက် နိုင်ငံတော်ကဦးစားပေး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်နေမှု စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


ဒါ့အပြင် မူလနေရပ်မှာ ဘေးကင်းလုံခြုံရေးအတွက် မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်နေမှု၊ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးနေမှု၊ ပတ်ဝန်းကျင်လုံခြုံမှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး စီမံချက်များ၊ လျှပ်စစ်မီး ရရှိရေးနည်းလမ်းများ နဲ့ အဆောက်အဦးများ ဆောက်လုပ်နေမှု အစီအမံများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ် ဆောင်ရာမှာ စာသင်ကျောင်းတွေ ကျေးလက်ဆေးပေးခန်း နဲ့ အများပိုင် နေရာများအတွက် ဦးစားပေး ဆောင်ရွက်ပေးဖို့ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)