ပြည်သူတွေဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေကို မဖယ်ရှားရင် အစိုးရသမိုင်း အမည်းစက်အဖြစ် ထင်ကျန်ခဲ့မယ်လို့ သတင်းစာဆရာ ဦးဇေယျာလှိုင် က ပြောကြား

0
339

ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေအတွက် အနှောက်အယှက် အတားအဆီးဖြစ်စေမယ့်အရာတွေကို ရှင်းလင်းပေးဖို့လိုအပ်ပြီး အဲ့လိုမှမဟုတ်ရင် ပြည်သူတွေကို လိမ်ညာခဲ့တဲ့ အစိုးရအဖြစ် အမည်းစက်တင်ကျန်ခဲ့လိမ့်မယ်လို့ မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက် က အထွေထွေ အတွင်းရေးမှူး ဦးဇေယျာလှိုင် က ပြောကြားလိုက်တာပါ။

The Voice သတင်းဂျာနယ် ရဲ့ အယ်ဒီတာခှုပ် ကိုကျော်ဝင်းဆွေ နဲ့ ဆောင်းပါးရှင် ဗြိတိသျ ကိုကိုမောင်တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အရေးယူထားတဲ့အမှုအပေါ် သတင်းစာဆရာတစ်ဦးရဲ့ သဘောထားအမြင်ကို ဆက်သွယ်မေးခဲ့ရာမှ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံစာနယ်ဇင်ကွန်ရက်အပါအ၀င် သတင်းမီဒီယာ လောက ကနေ အရင်အစိုးရရဲ့ ဆိုးမွေတစ်ခုအဖြစ်ကျန်ရှိနေခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကို လက်ရှိအစိုးရမှာ ကျင့်သုံးနေတဲ့အပေါ် ကန့်ကွတ်မှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြင်းပြင်းထန်ထန် ပြုလုပ်သွားဖို့ရှိ နေပါတယ်။

ပြီးခဲ့တဲ့ မက်လအတွင်းက The Voice ဂျာနယ်ရဲ့ ဆောင်းပါးကဏ္ဍမှာ ဗြိတိသျှကိုကိုမောင် က ကျည်ထောင်စုသစ္စာ ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာ ရေးသားခဲ့မှုကို တပ်မတော်က တရားလိုအဖြစ် စွဲဆိုကာ ပုဒ်မ ၆၆ ဃ နဲ့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်ကပြဋ္ဌန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေ နဲ့အရေးယူခဲ့တဲ့အမှုပေါင်း ၉ ခုသာရှိပြီး လက်ရှိအစိုးရလက်ထက်မှာ အဲ့ဒီဥပဒေနဲ့အရေးယူတဲ့အမှုပေါင်း ၅၀ ကျော်အထိ့မြင့်တက်ခဲ့ပါတယ်။

အဆိုပါ ဥပဒေကို လက်ရှိအစိုးရလက်ထက်မှာလွှတ်တော်မှာ ဖျတ်သိမ်းပြုပြင် ပေးဖို့ အဆိုတင်ခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က ဆွေးနွေးခွင့် ကိုငြင်းပယ်ထား ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)