ဆေးလိပ်နဲ့ ကွမ်းယာကြောင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နေ

0
359

ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း ကွမ်းယာစားသုံးမှုကြောင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ခြိမ်းခြောက်နေသလို နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကိုပါ ထိခိုက် ခြိမ်းခြောက်နေတယ်လို့ NLD အစိုးရက ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

ဇွန်လ ၃ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ဆးလိပ်မသောက်ရေးနေ့ အခမ်းနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားလိုက်တာပါ။

လက်ရှိမြန်မာနိုင်ငံမှာတော့ ကျောင်းသားလူငယ် ၁၁ ရာခိုင်နှုန်းလောက် ဆေးလိပ်သောက်နေကြပြီး ၆ ရာခိုင်နှုန်းလောက်က ကွမ်းစားနေကြတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

ဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သုတေသနစစ်တမ်းတွေအရ ၁၅ နှစ်အထက် ဆေးလိပ်သောက်သုံးသူတွေ ထဲမှာ အမျိုးသား ၄၂ ရာခိုင်နှုန်း လောက်ရှိပြီး အမျိုးသမီး ၁၅  ရာခိုင်နှုန်း လောက်ဟာ ဆေးလိပ်သောက်သုံးနေကြတယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)