မြန်မာအမျိုးသား ဘောလုံးအသင်း ကမ္ဘာအဆင့် ၁၆၃ နေရာကိုရောက်ရှိ

0
337

မြန်မာအမျိုးသား ဘောလုံးအသင်းဟာ  ကမ္ဘာဘောလုံးအဖွဲ့ချုပ်ရဲ့ ဇွန်လအတွက် အဆင့် သတ်မှတ်ချက်မှာ အဆင့်တက်လာခဲ့တယ်လို့  FIFA  က ပြောကြားလိုက်ပါတယ်။

မြန်မာအမျိုးသား ဘောလုံးအသင်းဟာ မေလက  ကမ္ဘာအဆင့် သတ်မှတ်ချက် အဆင့် ၁၆၆ မှာ ရှိခဲ့ပေမယ့် ဇွန်လအတွက်အဆင့် သတ်မှတ်ချက် အဆင့် ၁၆၃ နေရာကိုရောက်ရှိခဲ့တယ်လို့ ကမ္ဘာ ဘောလုံးအဖွဲချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဇွန်လအတွက် အဆင့် သတ်မှတ်ချက် ၁၆၃   ဟာ မြန်မာဘောလုံး အသင်းရဲ့ နောက်ဆုံး ၄ လအတွင်း အဆင့်သတ်မှတ်ချက်ထွေထဲမှာ အမြင့်ဆုံးဖြစ်ခဲ့တာပါ။

ဇွန်လ အတွက်အဆင့်  သတ်မှတ်ချက်မှာ ဘရာဇီးဘောလုံးအသင်းက အဆင့် ၁ နေရာမှာရှိနေခဲ့ပြီး အီရန်ဘောလုံးအသင်းက အာရှအသင်းတွေထဲမှာ အမြင့်ဆုံးနေရာမှာရှိနေခဲ့ပါတယ်။

ဖိလစ်ပိုင် ထိုင်း အသင်းတို့ အရှေတောင် အာရှနိုင်ထဲတွေမှာ ကမ္ဘာအဆင့် အမြင့်ဆုံးနေရာ မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသား ဘောလုံးအသင်း ဟာ ရမှတ် ၁၃၂ မှတ် နဲ့ ကမ္ဘာအဆင့် ၁၆၃  နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)