The Voice ဂျာနယ်အမှု တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ဆောင်ရွက်ပေးမယ်

0
391

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ The Voice ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ရဲ့ အမှုကိစ္စတွေကို တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ဆောင်ရွက်ပေးသွားဖို့ရှိနေပါတယ်။

သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့ ရှိ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုကိစ္စလိုက်ပါဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်မှု အခြေအနေတွေကို ဦးခင်မောင်မြင့်က ပြောကြားခဲ့တာပါ။

The Voice Weekly သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို သရော်စာရေးသားဖော်ပြမှုနဲ့ ဗဟန်းမြို့နယ် ရဲစခန်းက ဇွန်လ ၂ ရက်နေ့က စတင် ထိန်းသိမ်းခဲ့တာပါ။

တပ်မတော်ဂုဏ်ပြု ဇာတ်ကားတစ်ကားဖြစ်တဲ့ ပြည်ထောင်စုသစ္စာဆိုတဲ့ ဇာတ်ကားကို ကျည်ထောင်စုသစ္စာ ဆိုတဲ့ သရော်စာရေးသားပြီး ဂျာနယ်မှာရေးသားဖော်ပြခဲ့တဲ့ အတွက် တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့် ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)