ဒေါ်ဆောင်ဆန်းစုကြည်  ကနေဒါ နိုင်ငံကို  ၅ ရက်ကြာသွားမယ်

0
324

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက် အရ ကနေဒါ နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာမယ့်သီတင်းပတ်မှာ သွားရောက်ဖို့ရှိနေ တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြလာပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံကို ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ သွားရောက်ဖို့ ရှိနေတာပါ။ ဒီခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် တီယူဒီယူတို့ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး တွေဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။

ဒါအပြင် ဖက်ဒရယ်ဝါဒ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုလုပ်ပြောင်းလဲမှုတွေအပြင်  ဒီမိုကရေစီရေး၊ ဒေသအတွင်းလုံခြုံရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အဓိက ထား ဆွေးနွေးကြဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါအပြင် ကနေဒါ ၀န်ကြီးချုပ်က  မြန်မာနိုင်ငံက တိုင်းရင်သားတွေရဲ့ အခြေနေအပြင် ဘာသာရေးအုပ်စုတွေကြား ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆု  ၂၀၀၇ ခုနှစ်က ချီးမြှင့်ခံခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)