မြန်မာ ကျောင်းသားလူငယ် ၁၁ % ဆေးလိပ် သောက်နေကြပြီး ၆ % က ကွမ်းစားနေ

0
1132

မြန်မာနိုင်ငံက ကျောင်းသားလူငယ် ၁၁ ရာခိုင်နှုန်းလောက် ဆေးလိပ်သောက်နေကြပြီး ၆ ရာခိုင်နှုန်းလောက်က ကွမ်းစားနေကြတယ်လို့ အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်းဓာတ်ပုံ – LAW EH SOE (EPA/MYANMAR)

မေလ ၃၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အဲ့ဒီလို အချက်အလက်တွေ တွေ့ရှိတာလို့ ဆိုတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ ၂၀၃၀ ခုနှစ်အထိဆောင်ရွက်မယ့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွေထဲမှာ ဆေးလိပ် ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းအဖြစ် ထည့်သွင်းပြီး ဆောင်ရွက်နေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ကမ္ဘာပေါ်မှာ နှစ်စဉ် လူ ၆ သန်း လောက်ဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံးနေတာပါ။ ဒါ့အပြင် လူဦးရေ ၆ သိန်းကျော် ဟာလည်း သူတစ်ပါးရဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာကြောင့် သေဆုံးနေပြီး အဲဒီထဲက ၄ ပုံ ၁ ပုံကျော်ဟာ ကလေးတွေ ပါဝင်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)