(JICA) ရဲ့ SME ချေးငွေတွေ လျှောက်ထားနိုင်ကြောင်း SMIDB ဘဏ် ကြေညာ

0
526

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ SME ချေးငွေတွေ လျှောက်ထားနိုင်ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMIDB က ကြေညာလိုက်ပါတယ်။

သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

ဇွန်လ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ SMIDB ရဲ့ လျှောက်လွှာခေါ်ယူတဲ့ ကြေညာချက်ထဲမှာတော့ နိုင်ငံတော်ရဲ့ မူဝါဒအရ SME လုပ်ငန်းတွေကို ဦးစားပေး ထုတ်ချေးပေးသွားမှာ ဖြစ်ပြီး လုပ်ငန်းပမာဏ၊ အာမခံပစ္စည်းနဲ့ လုပ်ငန်းတိုးတက်မှု အလားအလာ တွေအပေါ် မူတည်ပြီး ချေးငွေပမာဏကို သတ်မှတ်ပေးသွားမယ်လို့ ဖော်ပြထားတာပါ။

လျှောက်ထားလိုတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ ဘဏ္ဍာရေး အာမခံလုပ်ငန်းတွေ၊ ကျောက်မျက် ရတနာလုပ်ငန်းတွေ၊ စားသောက်ဆိုင်အပါအ၀င် ပျော်ပွဲရွှင်ပွဲဆိုင်ရာ လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလိုင်စင် ဒါမှမဟုတ် စည်ပင်လိုင်စင်တွေကို ပူးတွဲတင်ပြ လျှောက်ထားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)