စိုက်ပျိုးလုပ်ကိုင်မှု မရှိတဲ့ မြေ ဧက ၁ သန်းခွဲနီးပါး ပြန်လည်သိမ်းယူမယ်

0
278

စိုက်ပျိုးလုပ်ကိုင်မှု မရှိတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းဧက ၁ သန်းခွဲနီးပါးကို ပြန်လည်သိမ်းယူမယ်လို့ အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှတော့ ပြီးခဲ့တဲ့ ဗဟိုကော်မတီသက်တမ်းအတွင်းက မြေဧက ၂ သန်း ၂ သိန်းကျော်ကို ခွင့်ပြုခဲ့ပေမယ့် အဲ့ဒီထဲက ၁ သန်းခွဲနီးပါးကို ခွင့်ပြုချက်ရရှိထားသူတွေ သတ်မှတ်ကာလ ၄ နှစ်ကျော်အတွင်းမှာ စိုက်ပျိုးလုပ်ကိုင်မှု မရှိခဲ့တာလို့ ဆိုပါတယ်။

ဒါအကြောင့် အဲ့ဒီမြေတွေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ အရ ပြန်လည် သိမ်း ယူသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)