အမျိုးသားဒီမိုကရေစီပါတီသစ် အလံပုံစံပြောင်းလဲ

0
333

တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ အလံပြောင်းလဲ အသုံးပြုဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြလိုက်ပါတယ်။

ဒီလို တင်ပြချက်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၃ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာတွေကတဆင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ ကြေညာလာတာပါ။

ဒါ့အပြင် ကန့်ကွက်လိုသူတွေရှိရင် ၇ ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားတာပါ။

အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ အလံပုံစံသစ်မှာတော့ အနီရောင်အောက်ခံပေါ်မှာ ရွှေရောင် ခမောက် ၃ လုံး ပါဝင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)