နိုင်ငံတော် သမ္မတ ကျန်းမာရေးကြောင့် နှုတ်ထွက်စာတင်ထားတဲ့ ဆိုတဲ့သတင်း ဟာ မမှန်ကန်

0
256
အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားတဲ့ ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတော် သမ္မတရုံးက ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပျံ့နှံ့လာတဲ့ သတင်းထဲမှာတော့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ ကျန်းမာရေး အခြေအနေကြောင့် တာဝန်က အနားယူဖို့ နှုတ်ထွက်စာတင်ထားသလို သမ္မတနေရာမှာ သူရ ဦးရွှေမန်းကို အစားထိုးခန့်အပ်သွားမှာလို့ ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ်ခင်ဗျား။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)