ဦးပိုင်လီမိတက် တပ်မတော်သားတွေနဲ့ ဇနီးသားသမီးတွေ သက်သာချောင်ချိရေး ဆောင်ရွက်နေဟုဆို

0
418

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) ဟာ တပ်မတော်သားတွေနဲ့ ဇနီးသားသမီးတွေ အတွက် သက်သာချောင်ချိရေး ရည်ရွယ်ဆောင်ရွက်နေတာလို့ မြန်မာ့တပ်မတော်က တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မေလ (၂) ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့  တစ်နှစ်တာကာလ အတွင်း ဆောင်ရွက်ချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ရှင်းလင်း ပြောကြားရာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဦးပိုင်အနေနဲ့ စတင်ထူထောင်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်ကနေ ၂ဝ၁၆ – ၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ကျပ်ငွေ သန်းပေါင်း ၉ သောင်းနီးပါးကို အခွန်အခတွေအဖြစ် နိုင်ငံတော်ကို နှစ်စဉ်ပေးသွင်းခဲ့တယ်လို့လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)