ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန် ထိပ်သီးအစည်းအဝေး မတက်ရောက်ဖြစ်

0
281

 

အမေရိကန် ဝါရှင်တန်ကို ဒီသီတင်းပတ် အတွင်း လာရောက်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆန်ရဲ့ ဖိတ်ကြားမှုကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သွားရောက်နိုင်တော့မှာ မဟုတ်ပါဘူး။

အရှေ့တောင်အာရှ သံတမန်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတဲ့ ဝါရှင်တန် ထပ်သီးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်း တက်ရောက်မှာ ဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဥရောပသမဂ္ဂရုံးချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဗြိတိန် ခရီးစဉ်အတွက် ဘရပ်ဆဲလ်ကို ရောက်ရှိနေပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒကလည်း အရင် သမ္မတ အိုဘားမားတုန်းကလို မဟုတ်ဘဲ မရောမရာဖြစ်နေတယ်လို့ ရန်ကုန် သံတမန် အသိုင်းအဝိုင်းက ပြောဆိုနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)