နေပြည်တော်မှာ ဓားပြမှု၊ လုယက်မှုနဲ့ မုဒိမ်းမှု အများဆုံးဖြစ်

0
329

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာ အမှုကြီး ၁၀ မျိုးဖြစ်ပွားမှု ၈၁ မှု ရှိခဲ့ပြီး ဓားပြမှု၊ လုယက်မှုနဲ့ မုဒိမ်းမှုက အများဆုံးဖြစ်ပြီး အရင်နှစ်ကထက် ၃ မှုပိုတယ်လို့ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးဝင်းရှိန်က ပြောပါတယ်။

 

တခြား အမှု ၁၀ မျိုး ဖြစ်ပွားမှုကတော့ ၁၉၉၃ မှု ဖြစ်ပြီး အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် အမှု ၁၃၀ ပိုတယ်လို့လည်း မနေ့က မေလ ၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဝင်းရှိန်က ပြောပါတယ်။ ဖြစ်ပွားမှု အများဆုံးကတော့ ဆိုင်ကယ်ခိုးမှုနဲ့ ယာဉ်တိုက်မှုတွေ ဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)