NLD အစိုးရလက်ထက် အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကျဆင်း

0
256

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အစိုးရအဖွဲ့နဲ့ လွှတ်တော်တွင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သိသာစွာ ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) က သုံးသပ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ် မေလ (၃) ရက်နေ့မှာ ကျရောက်တဲ့ World Press Freedom Day နေ့ အခမ်းအနားမှာ မြန်မာ နိုင်ငံ သတင်းစာဆရာအသင်း (MJA) ဥက္ကဋ္ဌ   ဦးသီဟစောက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ NLD အစိုးရလက်ထက်မှာ Social Network ကြောင့် ပြည်သူတွေနဲ့ သတင်းမီဒီယာတွေကြားမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မြင့်တက်လာပေမယ့် အစိုးရ အဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ ဒီလိုကျဆင်းသွားတာလို့ ပြောကြား လိုက်တာပါ။

အဲဒီအခမ်းအနားမှာပဲ သတင်းမီဒီယာအဖွဲ့အစည်းတွေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြတ်သိမ်းဖို့ အပါအဝင် သတင်းမီယာသမားတွေ သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး၊ တရားစွဲဆို ခံရတာတွေ ရပ်ဆိုင်ရေးတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)