တပ်မတော် အင်အားကို တိတိကျကျ ထုတ်ပြန်ဖို့ အကန့်အသတ် ရှိနေ

0
260

တချို့နိုင်ငံတွေမှာ တပ်မတော်ရဲ့ အင်အားစာရင်းတွေကို ထုတ်ပြန်မှု ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ တိတိကျကျ ထုတ်ပြန်ဖို့ အကန့်အသတ်တွေ ရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောပါတယ်။

မနေ့က မေလ ၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောသွားတာ ဖြစ်ပါတယ်။

တပ်မတော်အင်အားကို တိုးချဲ့ရင် နိုင်ငံတော် ဘတ်ဂျက် အသုံးစရိတ် ကုန်ကျမှု များပြားမှာ ဖြစ်တဲ့အတွက် တပ်မတော် စွမ်းရည်ပြည့်ဝအောင် ဆောင်ရွက်နိုင်မယ့် အခြေအနေပေါ် မူတည်ပြီး အချိုးအစား မျှတအောင် စီမံဆောင်ရွက်နေတယ်လို့လည်း ပြောဆိုသွားပါတယ်။

မဟာဗျူဟာ လေ့လာရေး နိုင်ငံတကာ အင်စတီကျု (IISS) ရဲ့ The Military Balance 2014 စာအုပ်မှာတော့ မြန်မာ့တပ်မတော် စစ်အင်အားဟာ ၄ သိန်း ၆ ထောင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းသောင်းကျန်းမှုကို အဓိကထား ဆောင်ရွက်ရာကနေ ပြည်ပရန် ကာကွယ်ရေးအတွက် စဉ်းစားပြီး အဘက်ဘက်က ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေတယ်လို့လည်း ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)