NLD အစိုးရ လက်ထက် နိုင်ငံသားလျှောက်ထားသူ ၅၅ ဦးရှိ

0
278

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မြန်မာနိုင်ငံသား လျှောက်ထားသူ ၅၅ ဦးရှိပြီး ၂၈ ကို စိစစ်ပြီးတဲ့အတွက် နိုင်ငံသားဖြစ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

လျှောက်ထားသူ ၅၅ ဦးအနက် နိုင်ငံသား အရည်အချင်း မပြည့်သူတစ်ဦး၊ အချက်အလက် မပြည့်စုံသူတစ်ဦး၊ မြန်မာနိုင်ငံသားဟောင်းများ ပြန်လည်စိစစ်ရေး ကော်မတီကို မတင်ပြရသေးသူ ၃၃ ဦး ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က မနေ့က မေလ ၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ မြန်မာနိုင်ငံသား လျှောက်ထားသူ ၁၈၈ ဦးရှိခဲ့ပြီး ၁၄၃ ဦးကို ခွင့်ပြုခဲ့ပါတယ်။ ကျန် ၄၅ ဦးအနက် နိုင်ငံသားအရည်အချင်း မပြည့်ဝသူ ၁၆ ဦး၊ အချက်အလက် မပြည့်စုံသူ ၁၂ ဦး၊ အမှုအခင်းကြီး ဖြစ်ထားသူ ၁၁ ဦးနဲ့ အစိုးရ အပြောင်းအလဲ ကာလမှာ လျှောက်ထားသူ ၆ ဦး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)