အလုပ်လက်မဲ့နှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိဟု ဆို

0
267

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်အရ လူတစ်ဦးအနေနဲ့ တစ်ပတ်မှာ တစ်နာရီ အလုပ်လုပ်ရင် အလုပ်ရှိတဲ့သူလို့ သတ်မှတ် ကောက်ခံတဲ့အတွက် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။

မနေ့က မေလ ၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က အဲဒီလို ပြောကြားသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၀ နောက်ပိုင်းမှာ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ စစ်တမ်းတွေကို ကောက်ယူနိုင်ခဲ့ခြင်း မရှိပေမယ့် ၂၀၁၅ မှာ ILO က ကောက်ယူတဲ့ မြန်မာနိုင်ငံ လုပ်သားအင်အား စစ်တမ်း ကောက်ယူချက်ကို ကိုးကားပြောဆိုတာ ဖြစ်ပါတယ်။

နိုင်ငံတကာ သတ်မှတ်ချက်အရ လုပ်အားကို အပြည့်အဝ အသုံးမချနိုင်တဲ့ ရာခိုင်နှုန်းအရဆိုရင်တော့ ၆ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မြန်မာနိုငငံရဲ့ အလုပ်လုပ်နိုင်တဲ့ အသက်အပိုင်းအခြားအရ လူဦးရေကတော့ ၃၃ ဒသမ ၉ သန်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)