ငွေကြေးဆိုင်ရာ အသိပညာ တိုးတက်ရေး လေ့ကျင်ရေးစင်တာ ထူထောင်မယ်

0
267

 

ငွေကြေးဆိုင်ရာ အသိပညာတွေ တိုးတက်ရေးအတွက် လေ့ကျင့်ရေးစင်တာ တစ်ခု ထူထောင်မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ချေးယူတဲ့ ဒေါ်လာ သန်း ၁၀၀ ကို ဘယ်လို ခွဲဝေ သုံးစွဲမလဲဆိုတာနဲ့ ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုကို မနေ့က မေလ ၂ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ဒေါ်လာ သန်း ၁၀၀ အနက် ၂၅ သန်းကို ဗဟိုဘဏ်အတွက် သုံးမှာ ဖြစ်ပြီး ကျန် ၇၅ သန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ သုံးမှာ ဖြစ်ပါတယ်။ ချေးငွေနဲ့ မြန်မာနိုင်ငံ ငွေရေးကြေးရေးစနစ် ခိုင်မာအောင် အဆင့်မြင့်ခြင်းအားဖြင့် လက်ရှိ ငွေပေးချေမှု စနစ်ထက် ပိုကောင်းမွန်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)