ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒစောလို့ မရဟု ကာကွယ်ရေးဦးစီးချုပ်ဆို

0
314

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒစောလို့ မရဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ (၂) ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua နဲ့ တွေ့ဆုံတဲ့နေရာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားရာမှာတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တိုင်းပြည်မှာ မရှိမဖြစ်လိုအပ်နေတဲ့ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးတည်ငြိမ်အေချမ်းမှုတွေအပေါ်မှာ မူတည် လုပ်ဆောင်သွားမယ်လို့လည်း ပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)