တိုင်းရင်းသားတွေ မြန်မာစိတ်မွေးနိုင်မှ ငြိမ်းချမ်းရေးရနိုင်မယ်လို့ စင်္ကာပူသံအမတ်ကြီးဆို

0
323

တိုင်းရင်းသားတွေအားလုံး မြန်မာစိတ်မွေးနိုင်မှ ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

မေလ ၂ ရက်နေ့က မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E.Mr. Robert Chua က အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပက အကြမ်းဖက်ခြိမ်းခြောက်တဲ့ အန္တရာယ်တွေလည်းရှိနေတာကြောင့် ပြည်တွင်းရှိ အင်အားစုတွေ အနေနဲ့ စည်းလုံးညီညွတ်မှုရှိကြဖို့ လိုအပ်တယ်လို့လည်း အကြံပြု ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)