တိုင်းရင်းသားတွေ လက်နက်ကိုင်မှ လုံခြုံမယ်ဆိုတဲ့ စိတ်တွေကို ပယ်ဖျောက်ရမယ်လို့ ကာချုပ်ဆို

0
249

တိုင်းရင်းသားတွေအနေနဲ့ လက်နက်ကိုင်မှ လုံခြုံမယ်ဆိုတဲ့ စိတ်တွေကို ပယ်ဖျောက်ရမယ်လို့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မေလ (၂) ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E.Mr. Robert Chua နဲ့ တွေ့ဆုံတဲ့နေရာမှာ အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် အဲ့ဒီတွေ့ဆုံမှုအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအခွင့်အရေးကို အကြောင်းပြပြီး သွေးထိုးမြှောက်ပင့်မှုတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို များစွာ ထိခိုက်စေတယ်လို့လည်း ပြောကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)