တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်လာနိုင်တာကြောင့် အသိတရားရှိဖို့ ကာချုပ်ပြော

0
347

တပ်မတော်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတစ်ချို့က တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းတွေ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ပြီး တပ်မတော်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် တပ်မတော် “အား” ပျော့အောင် လုပ်ဆောင်လာနိုင်တာကြောင့် အသိတရားရှိကြဖို့နဲ့ တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

13096281_1215661758468310_1754193917300970260_n

မေလ ၂ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမမှာ ရန်ကုန်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံရာမှာ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။
ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်မှာ ပါတီကြီးတွေထဲက သက်တမ်းကာလတစ်ခုအတွက် အစိုးရကို ပြည်သူတွေက ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီး ပြည်သူလူထုဆန္ဒကို ဖြည့်စွမ်းနိုင်တဲ့ အစိုးရဟာ ရေရှည်ခိုင်မြဲမှာဖြစ်သလို ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွေမှာလည်း တစ်ချို့နိုင်ငံရေးပါတီ၊ အစိုးရတွေဟာ သက်တမ်း ၂ကြိမ် ၃ကြမ်အထိ ကြာရှည်ခိုင်မြဲပြီး တစ်ချို့ နိုင်ငံရေးပါတီ၊ အစိုးရတွေဟာ သက်တမ်းမပြည့်မီ ကျရှုံးမှုတွေလည်း ရှိကြောင့် ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)