တရုတ်က တောင်းပန်ပြီး လျော်ကြေး ပေးရမယ်လို့ ကာဒီနယ် ချားလ်စ် မောင်ဘို ပြော

0
278

တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ လျစ်လျူရှုမှုနဲ့ ဖိနှိပ်မှုတွေကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ခံစားနေရတယ်လို့ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်၊ အာရှ ခရစ်ယာန် ဘုန်းကြီးများ ဖက်ဒရေးရှင်း ညီလာခံ (FABC) ရဲ့ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ် မောင်ဘိုက ပြောကြားလိုက်ပါတယ်။

ရောဂါဘယကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အတွက် သမ္မတ ရှီကျင့်ဖျင်နဲ့ CCP ဦးဆောင်တဲ့ တရုတ်အစိုးရဟာ တရုတ်ပြည်သူတွေကို သာမက ကျွန်ုပ်တို့ အားလုံးကိုပါ တောင်းပန်ရမယ်၊ လျော်ကြေးပေးရမယ်လို့ UCA သတင်းမှာ ဖော်ပြတဲ့ အတွေးအမြင်ကဏ္ဍမှာ ကာဒီနယ် ချားလ်စ် မောင်ဘိုက ရေးသားခဲ့တာပါ။

တရုတ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကို ထိန်ချန်ပြီး ဒီရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာကို သတိပေးဖို့ ကြိုးစားတဲ့ ဆရာဝန်တွေနဲ့ ဂျာနယ်လစ်တွေကို အပြစ်ပေးခဲ့တယ်လို့ ကာဒီနယ် ချားလ်စ် ဘိုက ထောက်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ ကြီးကျယ်ပြီး ရှေးကျတဲ့ ယဉ်ကျေးမှုတွေနဲ့ သမိုင်းတစ်လျှောက် ကမ္ဘာကို ကျေးဇူးပြုခဲ့ကြောင်း၊ ဒါပေမယ့် အခုအစိုးရဟာ ရာဇဝတ်မှုမြောက်တဲ့ လျစ်လျူရှုမှုနဲ့ ဖိနှိပ်မှုတွေအတွက်၊ ကမ္ဘာကို ကပ်ရောဂါ ဖြစ်စေတဲ့အတွက် တာဝန်ရှိကြောင်းလည်း ကာဒီနယ်က ဖော်ပြထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)