(ကိုဗစ်-၁၉) ၏ ချိန်းခြောက်မှု အန္တရယ်အား စုပေါင်းအင်အားဖြင့်သာ ကျော်လွှားနိုင်မည်ဟုဆို

0
134

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး (ကိုဗစ်-၁၉) ရဲ့ ခြိမ်းခြောက်မှု အန္တရယ်ကို နိုင်ငံမှာရှိတဲ့ အင်အားစုတွေ အားလုံး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ စုပေါင်းအင်အားနဲ့မှ ကျော်လွှားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ရောဂါကာကွယ်ရေး ဝတ်စုံ (PPE) ဝတ်စုံ ၁၀၀ နဲ့ ငွေကျပ် သိန်း ၅၀ ကို လှူဒါန်းမှု ပြုလုပ်အပြီး သတင်းမီဒီယာတွေကို ဦးကိုကိုကြီးက ပြောကြားခဲ့တာပါ။

လှူဒါးန်နိုင်တဲ့ ၀တ္ထုပစ္စည်းတန်ဖိုးအရ မများပြားနိုင်ပေမယ့် တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့အန္တရာယ်ကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ဖြစ်စဉ်မှာ ပြည်သူ့ပါတီအနေနဲ့ တတပ်တအား ပူးပေါင်း ပါဝင်ဆောင်ရွက်လိုတဲ့ ဆန္ဒအရ လှူဒါန်းခဲ့စုပေါင်း ထည့်ဝင်လှူဒါန်းခဲ့ကြတာလို့လည်း ဆိုတာပါ။

လက်ရှိအခြေအနေမှာတော့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို လှူဒါန်းထားတဲ့ အလှူငွေစုစုပေါင်း ငွေကျပ်စု သိန်းပေါင်း ၇၉၇ သိန်းကျော် ရရှိနေပြီဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး (ကိုဗစ်-၁၉) ရဲ့ ခြိမ်းခြောက်မှု အန္တရယ်ကို နိုင်ငံမှာရှိတဲ့ အင်အားစုတွေ အားလုံး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ စုပေါင်းအင်အားနဲ့မှ ကျော်လွှားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ရောဂါကာကွယ်ရေး ဝတ်စုံ (PPE) ဝတ်စုံ ၁၀ဝ နဲ့ ငွေကျပ် သိန်း ၅၀ ကို လှူဒါန်းမှု ပြုလုပ်အပြီး သတင်းမီဒီယာတွေကို ဦးကိုကိုကြီးက ပြောကြားခဲ့တာပါ။

လှူဒါးန်နိုင်တဲ့ ဝတ္ထုပစ္စည်းတန်ဖိုးအရ မများပြားနိုင်ပေမယ့် တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့အန္တရာယ်ကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ ဖြစ်စဉ်မှာ ပြည်သူ့ပါတီအနေနဲ့ တတပ်တအား ပူးပေါင်း ပါဝင်ဆောင်ရွက်လိုတဲ့ ဆန္ဒအရ လှူဒါန်းခဲ့စုပေါင်း ထည့်ဝင်လှူဒါန်းခဲ့ကြတာလို့လည်း ဆိုတာပါ။

လက်ရှိအခြေအနေမှာတော့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို လှူဒါန်းထားတဲ့ အလှူငွေစုစုပေါင်း ငွေကျပ်စု သိန်းပေါင်း ၇၉၇ သိန်းကျော် ရရှိနေပြီဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)