‘ဝ’ အမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

0
165

‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ အခြေစိုက်ဖွဲ့စည်းထားတဲ့ ‘ဝ’ အမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုပေးလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ‘ဝ’ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ ၃ ခုကို ဖျက်သိမ်းလိုက်ပြီး ‘ဝ’ အမျိုးသားပါတီကို ပူးပေါင်း တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ပန်လုံလမ်း၊ အမှတ် (၃၉) ပါတီရုံးချုပ်မှာ ဖွင့်လှစ်ထားတဲ့ ‘ဝ’ အမျိုးသားပါတီကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့မှစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေမှာ ၂၀၁၀ ပြည့်နှစ်နဲ ၂၀၁၅ ခုနှစ်တွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့် မရှိခဲ့ပါဘူး။၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကျင်းပဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးမှု ရှိနေတယ်လို့ ‘ဝ’ ပြည်ဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ခွင့် ရရှိထားတဲ့ နိုင်ငံရေးပါတီ ၁၂၈ ခုရှှိပြီး နိုင်ငံရေးပါတီအဖြစ်မှ ပြန်လည်ပယ်ဖျက်ထားတဲ့ နိုင်ငံရေးပါတီ ၂၈ ခုအထိ ရှိနေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွေက ဖော်ပြပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)