ဆီးချိုအခံရှိတဲ့ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ (၂) ဦးကို ICU မှာ အထူးကြပ်မတ်ကုသနေရ

0
2236

(ကိုဗစ်-၁၉) ရောဂါ ကူးစက်ခံရသူ လူနာစုစုပေါင်း (၁၉) ဦးထဲက (၂) ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ အထူးကြပ်မတ် ကုသနေရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တရားဝင် ပြောကြားထားပါတယ်။

လူနာ အမှတ် (၈) နဲ့ (၁၆) တို့ကို အထူးကြပ်မတ်ကုသဆောင် ICU မှာ ထားရှိပြီး ဆေးဝါးကုသ ပေးနေရတာဖြစ်ပြီး အဲ့ဒီထဲက လူနာအမှတ် (၈) ရဲ့ ရောဂါအခြေအနေဟာ ပိုပြီးစိုးရိမ်ရတဲ့ အခြေ အနေမျိုး ရှိနေတာပါ။

လူနာအမှတ် (၈) ဟာ ဆီးချိုရောဂါ အခံရှိတာကြောင့် ထိန်း ချုပ်ရ ခက်ခဲနေတာကြောင့် အထူးကြပ်မတ်ကုသပေးနေရတာ ဖြစ်ပြီး နောက်တစ်ဦးမှာလည်း ဆီးချိုရောဂါနဲ့ နှလုံးသွေးကြော ကျဉ်းတဲ့ ရောဂါအခံရှိတာကြောင့် ဂရုစိုက်ရတဲ့ အခြေအနေမျိုး ရှိနေတာဖြစ်ပါတယ်။

လူနာအမှတ် (၈) ဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မှာနေထိုင်သူ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးပါ။

ချောင်းဆိုးမှုနဲ့ ပျို့အန်တဲ့ ရောဂါလက္ခဏာတွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို မတ်လ (၂၆) ရက်နေ့က စတင်လာ ရောက်ပြသခဲ့ကာ ရောဂါပိုးကူးစက်ခံရကြောင်း မတ်လ (၂၇) ရက်နေ့မှာ အတည်ပြုနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

လူနာအမှတ် (၁၆) ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူ။ (ဒူဘိုင်းက ပြန်လာတဲ့ သားဖြစ်သူကို ကြိုဆိုခဲ့ပြီး ခေတ္တအတူ တည်းခိုနေထိုင်) ခဲ့သူပါ။

မောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာတဲ့ ရောဂါ လက္ခာဏာတွေနဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို မတ်လ (၃၁) နေ့က စတင်လာရောက်ပြသခဲ့ကာ ရောဂါပိုးကူးစက်ခံရ ကြောင်း ဧပြီလ (၁) ရက်နေ့မှာ အတည်ပြုနိုင်ခဲ့သူလည်း ဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာ (ကိုဗစ်-၁၉) ရောဂါ ကူးစက်မှုပေါင်း အကြိမ် (၂၀) ကို စမ်းသပ်ရှာဖွေအတည်ပြုနိုင်ထားပြီး အဲ့ဒီထဲက (၁) ဦး သေဆုံးခဲ့ပြီး လူနာ (၁၉) ဦး ရှိနေတာပါ။

အဲ့ဒီထဲက (၂) ဦးကို အထူး ကြပ်မှတ်ကုသပေးနေရတာဖြစ်ပြီး ကျန်လူနာတွေရဲ့ ကျန်းမာရေး အခြေအနေက တည်ငြိမ်မှု ရှိနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)