ကုန်စည်တွေ သယ်ပို့ဖို့ MNA လေကြောင်းလိုင်း ရန်ကုန်-ဘန်ကောက် စင်းလုံးငှား ခရီးစဉ် ပျံသန်းမယ်

0
139

COVID-19 ကာလအတွင်း နိုင်ငံမှာ လူသုံးကုန် ပစ္စည်းတွေ မပြတ်လပ်စေဖို့၊ ဆေးနဲ့ ဆေးပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ် ပျံသန်းပေးမှာ ဖြစ်ပါတယ်။

အစီအစဉ်အရ ဒီနေ့ ဧပြီလ ၃ ရက်နေ့ စတင်ပြေးဆွဲမှာ ဖြစ်ကြောင်း၊ လှူဒါန်းထားတဲ့ ဆေးပစ္စည်းနဲ့ ဝယ်ယူထားတဲ့ ဆေးပစ္စည်းတွေကို သယ်ယူပို့ဆောင်မှာ ဖြစ်ကြောင်း၊ ဧပြီလထဲမှာ ခြောက်ခေါက်၊ ခုနစ်ခေါက်ခန့် ပြေးဆွဲမှာ ဖြစ်ကြောင်း MNA ရဲ့ လေယာဉ်မှူးကြီး ဦးခုတ်ခန့်မောင်က ပြောပါတယ်။

ကုန်တင်စင်းလုံးငှား ခရီးစဉ်ကို ဧပြီလ ၃ ရက်၊ ၈ ရက်၊ ၁၁ ရက်၊ ၂၂ ရက်၊ ၂၅ ရက်နဲ့ ၂၉ ရက်တို့မှာ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ် ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)