ပြည်သူတွေနဲ့ ဆွေးနွေးမှု နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ Facebook ကနေ ဒေါ်အောင်ဆန်းစုကြည် အသိပေး

0
241

ဧပြီလ ၁ ရက်နေ့မှာ Facebook လူမှုကွန်ရက် စတင်သုံးစွဲခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ ၄ ဦးနဲ့ ဆွေးနွေးခဲ့မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုတွေကို အသိပေး တင်ပြထားပါတယ်။

ငပုတောမြို့နယ်မှ သူနာပြုဆရာမလေး ဒေါ်နန်းထက်ထက်ခိုင် တင်ပြချက်များနဲ့ ပတ်သက်လို့ ရေရရှိရေးအတွက် လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ကျေးလက်ဦးစီးဌာနတို့ တာဝန်ယူလုပ်ဆောင်မှာ ဖြစ်ကြောင်း၊ PPE ၁၀ စုံ၊ လက်အိပ် ၂၀၀၊ mask ၂၀၀ နဲ့ thermometer ၅ ခု ပုသိမ်မှ ပို့လိုက်ကြောင်း၊ လှိုင်သာယာမှ ဒေါက်တာ ခင်ရူပါစိုး တင်ပြချက်များနဲ့ ပတ်သက်လို့ကတော့ PPE အစုံ ၅၀၀ ထုတ်ပေးပြီးကြောင်း ဖော်ပြထားပါတယ်။

We Love Yangon မှ ဦးဆန်းမောင်မောင် တင်ပြချက်များနဲ့ ပတ်သက်လို့ ဖယ်ရီကား ၄ စီးကို တိုင်းဒေသကြီးအစိုးရက စီစဉ်ထားပြီး၊ အလှူရှင်များလည်း ဆက်သွယ် လှူဒါန်းနေကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ ဆွမ်းတာဝန်ကို ရန်ကုန်တိုင်းအစိုးရနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူမှာ ဖြစ်ကြောင်း၊ “အောင်” ပရဟိတမှ ဦးကောင်းမြတ်သူ တင်ပြချက်များနဲ့ ပတ်သက်လို့ ဖယ်ရီကား ၂ စီးကို ရန်ကုန်တိုင်းအစိုးရက ပံ့ပိုးမှာ ဖြစ်ကြောင်း၊ ကွန်ပျူတာ ၁၀ လုံးကို အလှူရှင်မရှိပါက ရန်ကုန်တိုင်းအစိုးရက ပံ့ပိုးမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

ပြည်သူတွေအတွက် လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေကြောင်း၊ ပြည်သူတွေနဲ့ ဆက်သွယ်ခွင့်ရတာ ဝမ်းသာ ကျေးဇူးတင်ကြောင်းနဲ့ အညာသား ဗိုလ်ချုပ်အောင်ဆန်း ပြောသလို “မြန်မာတွေအားလုံး အဝေရာဟောန္တု”၊ ထပ်ဆင့်ပြီး “ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး အဝေရာဟောန္တု” လို့လည်း ဆုတောင်းပေးထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)