ကယားပြည်နယ် NLD အလုပ်အမှုဆောင်ကို ပါတီတာဝန် ရပ်ဆိုင်း

0
342

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခင်စည်သူကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပါတယ်။

ဖရူဆိုမြို့နယ်၊ ပြည်နယ် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်း လျှောက်လွှာ အချိန်မီတင်ဖို့ ပျက်ကွက်တယ်ဆိုပြီး တာဝန်ကနေ ရပ်စဲခံရတာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် ၁၉ နေရာမှာ NLD က ၉ နေရာသာ အနိုင်ရရှိပါတယ်။ ကယားပြည်နယ်မှာ လျှောက်လွှာအချိန်မီ မတင်နိုင်ခဲ့ပါဘူး။

ကယားပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ခင်စည်သူကို NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ကနေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)