ဥက္ကံ သကြားစက်မှာ အလုပ်သမားတွေ ဆန္ဒပြ

0
288

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် (၁၃) ဥက္ကံ သကြားစက်မှာ လုပ်အားခနဲ့ အချိန်ပို လုပ်ခတွေ နည်းပါးတယ်ဆိုပြီး အလုပ်သမားတွေက မတ်လ ၂၉ ရက်နေ့ကစပြီး ဆန္ဒထုတ်ဖော် နေကြပါတယ်။

စက်ရုံက ဦးပိုင် ကုမ္ပဏီပိုင်လား၊ ပုဂ္ဂလိက ပိုင်လား မကွဲပြားတာ ၃ နှစ်ရှိနေပြီး ခံစားခွင့်တွေ မရှင်းလင်းလို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ အစိုးရက ထောင်ခဲ့ပြီး ၂၀၁၄ မှာ ဦးပိုင်ကို လွှဲခဲ့တာပါ၊ ဦးပိုင်က ဂိုးလ်ဒင်း မြန်တိုင်းကို ထပ်လွှဲခဲ့တာ ဖြစ်တယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

ဆန္ဒပြနေတဲ့ အလုပ်သမား ၂၇၀ ရှိပါတယ်။ သကြားစက်ကတော့ ဦးပိုင်က ညွှန်ကြားချက်နဲ့ လုပ်နေတာလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)