မြန်မာ ခရီးသည် အမျိုးသမီးကို အဓမ္မပြုဖို့ ကြိုးပမ်းမှု ထိုင်း တက္ကစီသမားကို ဖမ်းဝရမ်းထုတ်

0
272

မြန်မာ အမျိုးသမီး ခရီးသည် တစ်ဦးကို အဓမ္မ ပြုကျင့်ဖို့ ကြိုးစားတဲ့ ထိုင်းတက္ကစီသမားကို ထိုင်းရဲက ဖမ်းဝရမ်းထုတ်လိုက်ပြီး မကြာခင် ဖမ်းမိမှာပါလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ခွန်ဆမ် တိုတင်မ် အမည်ရှိ အသက် ၃၄ နှစ်အရွယ် တက္ကစီ ကားသမားကို မနေ့က ဧပြီလ ၂ ရက်နေ့မှာ ထိုင်းတရားရုံးကနေ ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် ဆနစ် မဟာသာဗွန်က ပြောပါတယ်။

ဆွန်ဆမ် ဟာ အသက် ၂၇ နှစ်အရွယ် မြန်မာ ခရီးသည်အမျိုးသမီးကို မတ်လ ၁ ရက်နေ့က အဓမ္မပြုဖို့ ကြိုးပမ်းခဲ့ပြီး မြန်မာ အမျိုးသမီးက ပြန်လည် တိုက်ခိုက်ကာ ထွက်ပြေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ခွန်ဆမ် ဆိုသူဟာ အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ယောက်ကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခံထားရပြီး ၂၀၁၅ မှာ ဖမ်းဝရမ်း ထုတ်ခံထားရသူလည်း ဖြစ်ပါတယ်။

ခွန်ဆမ်ဟာ သူနေထိုင်ရာ လိုအဲကနေ နယ်စပ်ကို ဖြတ်ပြီး ထွက်ပြေးတာ ဖြစ်နိုင်တယ်လို့ ရဲဗိုလ်ချုပ် မဟာသာဗွန်က မီဒီယာတွေကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)