မွတ်စလင် သူပုန်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဆက်တိုက် မယ်လို့ ပြော

0
319

သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ မွတ်စလင် အဖွဲ့လို့ ကြွေးကြော်ထားတဲ့ မွတ်စလင် အဖွဲ့ခေါင်းဆောင် အာတာ အူလာ (Ata Ullah) က သူတို့ အခွင့်အရေးကို ကာကွယ် မပေးရင် တိုက်ခိုက်မှုတွေ ဆက်လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

သူတို့ဖက်က အယောက် ၁ သန်းကျလည်း ဆက်လက် တိုက်ခိုက်မှာ ဖြစ်တယ်လို့ အာတာ အူလာက Reuters သတင်းဌာနကို ဗီဒီယို ကောလ် ခေါ်ဆိုတဲ့ အင်တာဗျူးကတစ်ဆင့် ပြောဆိုတာ ဖြစ်ပါတယ်။

နိုင်ငံခြားက အစ္စလမ်အဖွဲ့တွေနဲ့ အဆက်အသွယ် မရှိဘူးလို့လည်း သူက ငြင်းဆိုသွားပါတယ်။ မနှစ်က အောက်တိုဘာမှာ မွတ်စလင် အကြမ်းဖက် သမားတွေက နယ်ခြားစောင့်တပ်ကို စီးနင်းတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး မွတ်စလင် ၇ သောင်းခွဲကျော် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေကြပါတယ်။

အာတာ အူလာရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတရုံးက ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး၊ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုလည်း တန်ပြန် နှိမ်နင်းမှာ ဖြစ်တယ်လို့ Reuters သတင်းဌာနကို မှတ်ချက်ပေးသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)