ဝရမ်းပြေး မြတ်ဘုန်းမိုရ် ပွဲ တက်ရောက်မှု ပါတီကဖိတ်ကြားခြင်းမရှိဟု ကြံ့ခိုင်ရေးဆို

0
5215

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ စကားဝိုင်း ဆွေးနွေးပွဲ တက်ရောက်ဖို့ ဝရမ်းထုတ်ခံထားရတဲ့ မြတ်ဘုန်းမိုရ် ကို ဖိတ်ကြားခဲ့တာ မရှိဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးက အခုလို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လ (၁) ရက်နေ့က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာပြုလုပ်တဲ့ မင်းကင်းအမတ်ဦးမောင်မြင့်ရဲ့ စကားဝိုင်း ဆွေးနွေပွဲမှာ ဝရမ်းထုတ်ခံထား ရမှုကြောင့် ရှောင်တိမ်းနေတဲ့ အမျိုးသားရေးဝါဒီ မြတ်ဘုန်းမိုရ် တက်ရောက်ခဲ့လို့ ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။
မြတ်ဘုန်းမိုရ်ကို ပါတီက ဖိတ်ကြားခဲ့တာမဟုတ်ဘဲ အများပြည်သူတက်ရောက်နိုင်တဲ့ပွဲဖြစ်လို့ ပြည်သူ တစ်ဦးအနေနဲ့တက်ရောက်လာတာဖြစ်နိုင်တယ်လို့ ရန်ကုန်တိုင်ဒေသကြီး ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအသတ်ခံရမှုကြောင့် တရားခံတွေကို စစ်ဆေးခဲ့တဲ့ တရားရုံးချိန်း တစ်ခုအတွင်းမှာ‘မင်းတို့ထမင်းဝအောင်စားထား”ဆိုတဲ့ တီရှပ်တွေကိုဝတ်ဆင်ပြီး လူသတ်သမား လူသတ်သမားကြည်လင်းကို လာရောက်ဝန်းရံခဲ့သူလေးဦးအနက် မြတ်ဘုန်းမိုရ်မှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
တရားရုံးတစ်ခုက ဖမ်းဝရမ်းထုတ်ခံထားရသူက ပါတီကပြုလုပ်တဲ့အခမ်းအနားတစ်ခုကို တက်ရောက်လာ တာဖြစ်တဲ့ အတွက် ပါတီအနေနဲ့ တရားဥပဒေစိုးမိုးမှုကို လေးစားတဲ့အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြား သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေတဲ့အချိန်၊၂၀၂၀ ရွေးကောက်ပွဲကျင်းပခါနီးအချိန်တွေမှာ ခုလို ဖဖ်းဝရမ်းထုတ်ခံရသူတွေ လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာတာဟာ ပြည်သူတွေအတွက် စိုးရိမ်ထိတ်လန် ့စေပြီး တရားဥပဒေစိုးမိုးရေးကို မေးခွန်ထုတ်စရာဖြစ်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်း အောင် ကပြောပါတယ်။

အဲ့ဒီလိုပှုမူမှုတှကှေောင့ြ ‘မငြးတို့ထမငြးဝအောငစြားထား”ဆိုတဲ့သူတှကေို ပုဒမြ ၁၈၉ နဲ့ ပုဒမြ ၅၀၅ (ခ)တို့နဲ့ ၂၀၁၈ခုနှဈဖဖေောဝြါရီလ ၂ ရကနြေ့က အငြးစိနမြှို့နယတြရားရုံးမှာ ဖမြးဝရမြးထုတလြိုကတြာဖှဈပါတယြ။ ကှံခိုငရြေးပါတီကပှုလုပတြဲ့လှှတတြောကြိုယစြားလှယဆြှေးနှေးပှဲကို တကရြောကလြာတဲ့ မှတဘြုနြးမိုရကြိုတော့ ခုခွိနထြိဖမြးမိနိုငခြှငြးမရှိသေးတာဖှဈပါတယြ။

ဝရမျးပွေး မွတျဘုနျးမိုရျ ပှဲ တကျရောကျမှု ပါတီကဖိတျကွားခွငျးမရှိဟု ကွံ့ခိုငျရေးဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ စကားဝိုင်း ဆွေးနွေးပွဲ တက်ရောက်ဖို့ ဝရမ်းထုတ်ခံထားရတဲ့ မြတ်ဘုန်းမိုရ် ကို ဖိတ်ကြားခဲ့တာ မရှိဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးက  အခုလို ပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လ (၁) ရက်နေ့က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှာပြုလုပ်တဲ့ မင်းကင်းအမတ်ဦးမောင်မြင့်ရဲ့ စကားဝိုင်း ဆွေးနွေပွဲမှာ ဝရမ်းထုတ်ခံထား ရမှုကြောင့် ရှောင်တိမ်းနေတဲ့ အမျိုးသားရေးဝါဒီ မြတ်ဘုန်းမိုရ် တက်ရောက်ခဲ့လို့ ဝေဖန်မှုတွေရှိနေတာ ဖြစ်ပါတယ်။

မြတ်ဘုန်းမိုရ်ကို ပါတီက ဖိတ်ကြားခဲ့တာမဟုတ်ဘဲ အများပြည်သူတက်ရောက်နိုင်တဲ့ပွဲဖြစ်လို့ ပြည်သူ တစ်ဦးအနေနဲ့တက်ရောက်လာတာဖြစ်နိုင်တယ်လို့ ရန်ကုန်တိုင်ဒေသကြီး ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးက  ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအသတ်ခံရမှုကြောင့် တရားခံတွေကို စစ်ဆေးခဲ့တဲ့ တရားရုံးချိန်း တစ်ခုအတွင်းမှာ‘မင်းတို့ထမင်းဝအောင်စားထား”ဆိုတဲ့ တီရှပ်တွေကိုဝတ်ဆင်ပြီး လူသတ်သမား လူသတ်သမားကြည်လင်းကို လာရောက်ဝန်းရံခဲ့သူလေးဦးအနက် မြတ်ဘုန်းမိုရ်မှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

တရားရုံးတစ်ခုက ဖမ်းဝရမ်းထုတ်ခံထားရသူက ပါတီကပြုလုပ်တဲ့အခမ်းအနားတစ်ခုကို တက်ရောက်လာ တာဖြစ်တဲ့ အတွက် ပါတီအနေနဲ့ တရားဥပဒေစိုးမိုးမှုကို လေးစားတဲ့အနေနဲ့ သက်ဆိုင်ရာကို အကြောင်းကြား သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေတဲ့အချိန်၊၂၀၂၀ ရွေးကောက်ပွဲကျင်းပခါနီးအချိန်တွေမှာ ခုလို ဖဖ်းဝရမ်းထုတ်ခံရသူတွေ လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာတာဟာ ပြည်သူတွေအတွက် စိုးရိမ်ထိတ်လန့်စေပြီး တရားဥပဒေစိုးမိုးရေးကို မေးခွန်ထုတ်စရာဖြစ်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်း အောင် ကပြောပါတယ်။

အဲ့ဒီလိုပြုမူမှုတွေကြောင့်  ‘မင်းတို့ထမင်းဝအောင်စားထား”ဆိုတဲ့သူတွေကို ပုဒ်မ ၁၈၉ နဲ့ ပုဒ်မ ၅၀၅ (ခ)တို့နဲ့ ၂၀၁၈ခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့က အင်းစိန်မြို့နယ်တရားရုံးမှာ ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။ ကြံခိုင်ရေးပါတီကပြုလုပ်တဲ့လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြတ်ဘုန်းမိုရ်ကိုတော့ ခုချိန်ထိဖမ်းမိနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)