ေတာင္သူလယ္သမား အခြင့္အေရးေတြ ကာကြယ္ေပးဖို႔ အစိုးရကို ေတာင္းဆို (႐ုပ္/သံ)

0
866

လယ္ယာေျမဥပေဒေတြ ျပင္ဆင္ေပးဖို႔အပါအဝင္ ေတာင္သူလယ္သမားအခြင့္အေရးေတြ ကာကြယ္ေပးဖို႔ လယ္သမားေတြက အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

လယ္ယာေျမဥပေဒေတြ ျပင္ဆင္ေပးဖို႔၊ ေျမယာစီမံခန္႔ခြဲမႈေကာ္မတီဝင္ေတြမွာ ေတာင္သူလယ္သမားေတြ မပါတဲ႔အတြက္ ျပန္လည္စီစစ္ေပးဖို႔နဲ႔ ေတာင္သူလယ္သမား အခြင့္အေရးေတြကို ကာကြယ္ေပးဖို႔ စတဲ႔ အခ်က္ေတြ လယ္သမားေတြက အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။

မတ္လ ၂ ရက္ေန႔ ေတာင္သူလယ္သမားေန႔မွာ ရန္ကုန္ၿမိဳ႕ လိႈင္သာယာၿမိဳ႕နယ္မွာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး က လယ္သမားေတြစုေပါင္းၿပီး ေတာင္သူလယ္သမားအခြင့္အေရး ကာကြယ္ေပးဖို႔ ေတာင္းဆိုလိုက္တာပါ။

Soundbite – ဦးစိန္ျမင့္ (ဥကၠဌ) ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားႏွင့္ စိုက္ပ်ိဳးအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (AFFM) မေကြးတိုင္းေဒသႀကီး

အခုလက္ရွိ ေတာင္သူလယ္သမားအက်ိဳးစီးပြားကာကြယ္ေရးလို႔ အစိုးရက ေျပာေပမယ့္ လက္ေတြ႔မွာ ေတာင္သူလယ္သမားေတြရဲ႕ အက်ိဳးစီးပြားကို ထိထိေရာက္ မကာကြယ္ေပးႏိုင္တဲ႔အျပင္ လယ္ယာေျမဥပေဒနဲ႔ ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒက လယ္သမားေတြအေပၚ အက်ိဳးမျပဳဘူးလို႔ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားႏွင့္ စိုက္ပ်ိဳးအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (AFFM) က ေျပာပါတယ္။

Soundbite – ဦးသိန္းေဆြ (ဥကၠဌ) ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားႏွင့္ စိုက္ပ်ိဳးအလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (AFFM)

အစိုးရအေနနဲ႔ သိမ္းဆည္းထားတဲ႔ လယ္ယာေျမေတြကို ျပန္လည္စီစစ္ၿပီး လယ္ယာေျမျပန္လည္ခ်ထားေရး လုပ္ေဆာင္ေနေပမယ့္ ထိေရာက္မႈ မရွိေသးတာျဖစ္ပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း သိမ္းဆည္းခံလယ္ယာေျမအမႈ ေပါင္း တစ္ေသာင္းကိုးေထာင္ေက်ာ္ရွိတဲ႔အထဲက ၈၈ မႈသာ စစ္ေဆးေဆာင္ရြက္ႏိုင္ေသးတယ္လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္က ေျပာပါတယ္။

Soundbite – ဦးေဖခ်စ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ အမွတ္ (၈) မဲဆႏၵနယ္ ရန္ကုန္တိုင္းေဒသႀကီး

ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္ ကေနာင္အားကစားကြင္းမွာျပဳလုပ္တဲ႔ ေတာင္သူလယ္သမားေန႔ကို ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက ေတာင္သူလယ္သမားေပါင္း ၃ ေထာင္ေက်ာ္ တက္ေရာက္ခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လယ်ယာမြေဥပဒေတွေ ပြင်ဆင်ပေးဖို့အပါအဝင် တောင်သူလယ်သမားအခွင့်အရေးတွေ ကာကွယ်ပေးဖို့ လယ်သမားတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

လယ်ယာမြေဥပဒေတွေ ပြင်ဆင်ပေးဖို့၊ မြေယာစီမံခန့်ခွဲမှုကော်မတီဝင်တွေမှာ တောင်သူလယ်သမားတွေ မပါတဲ့အတွက် ပြန်လည်စီစစ်ပေးဖို့နဲ့ တောင်သူလယ်သမား အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ စတဲ့ အချက်တွေ လယ်သမားတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး က လယ်သမားတွေစုပေါင်းပြီး တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ပေးဖို့ တောင်းဆိုလိုက်တာပါ။

Soundbite – ဦးစိန်မြင့် (ဥက္ကဌ) မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) မကွေးတိုင်းဒေသကြီး

အခုလက်ရှိ တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေးလို့ အစိုးရက ပြောပေမယ့် လက်တွေ့မှာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ထိထိရောက် မကာကွယ်ပေးနိုင်တဲ့အပြင် လယ်ယာမြေဥပဒေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေက လယ်သမားတွေအပေါ် အကျိုးမပြုဘူးလို့ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) က ပြောပါတယ်။

Soundbite – ဦးသိန်းဆွေ (ဥက္ကဌ) မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM)

အစိုးရအနေနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်လည်စီစစ်ပြီး လယ်ယာမြေပြန်လည်ချထားရေး လုပ်ဆောင်နေပေမယ့် ထိရောက်မှု မရှိသေးတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေအမှု ပေါင်း တစ်သောင်းကိုးထောင်ကျော်ရှိတဲ့အထဲက ၈၈ မှုသာ စစ်ဆေးဆောင်ရွက်နိုင်သေးတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

Soundbite – ဦးဖေချစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၈) မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ကနောင်အားကစားကွင်းမှာပြုလုပ်တဲ့ တောင်သူလယ်သမားနေ့ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက တောင်သူလယ်သမားပေါင်း ၃ ထောင်ကျော် တက်ရောက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)