ဗိုလ်ချုပ်အောင်ဆန်းတံတား ကိစ္စ ပြည်နယ်အစိုးရ နဲ့ ပြည်နယ်လူထု ထိပ်တိုက်တွေ့နိုင်

0
319

မော်လမြိုင် နဲ့ ချောင်းဆုံမြို့နယ်အကြား တည်ဆောက်ထားတဲ့ သံလွင်(ချောင်းဆုံ) တံတားကို နာမည်ပြောင်းပြီး ဗိုလ်ချုပ်အောင်ဆန်းတံတား လို့ နာမည် ပေးမယ့်ကိစ္စကို မွန်လူထုက ကန့်ကွက်နေတဲ့ အတွက် ပြည်နယ်အစိုးရနဲ့ လူထု ထိပ်တိုက်တွေ့လာနိုင်တယ်လို့ မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုလိုက်ပါတယ်။

ဒေါက်တာ မင်းကြည်ဝင်းက “ပြည်နယ်မှာ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ ငြိမ်ငြိမ်သက်သက်လေး ရှိစေချင်ပါတယ်။
အခုလာမယ့် ၁၅ ရက်နေ့မှာ ပြည်နယ်လွှတ်တော်အစည်းအဝေးရှိပါတယ်။ ဒီကိစ္စနဲ့ ပတသ်က် ပြီး ဆွေးနွေးလာနိုင်ပါတယ်” လို့ ဆိုပါတယ်။

ကိုသားကြီး (နေပြည်တော်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)